မုန်းမြို့ သားကြီးမိုဘိုင်းနန်းတော်ဖုန်းဆိုင် ဖေါက်ထွင်းခံရပြီး (၂၂)သိန်းကျော်ဖိုးခန့် ခိုးယူခံရ



 ကျောက်ကြီးမြို့နယ်   မုန်းမြို့ အေးမြမာလာဈေး တွင်း ဖွင့်လှစ်ရောင်းချနေသော    သားကြီးမိုဘိုင်းနန်းတော်ဖုန်းဆိုင် တွင် ၂၀၁၆  ခုနှစ် ဇန်နဝါရီ (၂)ရက်နေ့  နံနက်  (၅) နာရီခန့်ဆိုင်ရှင်မှ  ဆိုင်ဖွင့်ချိန်   ရှိုးကစ့် အတွင်း ထည့်ထားသော   လက်ကိုင်ဖုန်း(၂၂) လုံး နှင့်  နားကြပ် (၂)စုံ  စုစုပေါင်းတန်ဘိုး (၂၂)သိန်းကျော် ခန့် ပျောက်ဆုံးနေကြောင်း သိရှိရသည်။

အဆိုပါ ပျောက်ဆုံးမှု အတွက်    လေ့လာ စုံစမ်းသော်လည်း  မရသဖြင့်  ၂၀၁၆ ခုနှစ်  ဇန်နဝါရီ (၃)ရက်နေ့တွင် သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ ဆိုင်ရှင် ဦးစိုးလှိုင် မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မုန်းနယ်မြေရဲစခန်း (ပ) ၂/၂၀၁၆  ပြစ်မှု့ပုဒ်မ -  ၃၈၀  ဖြင့်   အမှုဖွင့် ၍ တရားခံအား အမြန်ဆုံး ဖမ်းမိနိုင်ရေး စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။

ခိုးယူခံရသောဖုန်းအမျိုးအစားများ

RED MINOTE   (၁)လုံး
Honor 4X  (၁)
Mini  4X       (၁)လုံး
Huawei  Y6 (၁)လုံး KANBO O21 (၂)လုံး
VIVO Y15 (၁) လုံး
VIVO  Y 28 (၁)လုံး
OPPO Nero 5  (၁)လုံး
Kenbo  E 71 (၁)လုံး
Tablet (၃) လုံး
Huawei Y600 (၁)လုံး
Huawei  D8 (၁)လုံး
Coolpad (၅) လုံး
TAB GAME (၁)လုံး
REDMINOTE 2 (၁) လုံး
BLUE TOTH (၂) ခု
စုစုပေါင်း  (၂၂)သိန်းကျော် ဖိုးခန့်ခိုးယူခံခဲ့ရသည်။

ပန်းချီသန်းဝင်း(ကျောက်ကြီး)

မုန်းမြို့ သားကြီးမိုဘိုင်းနန်းတော်ဖုန်းဆိုင် ဖေါက်ထွင်းခံရပြီး (၂၂)သိန်းကျော်ဖိုးခန့် ခိုးယူခံရ  မုန်းမြို့ သားကြီးမိုဘိုင်းနန်းတော်ဖုန်းဆိုင် ဖေါက်ထွင်းခံရပြီး (၂၂)သိန်းကျော်ဖိုးခန့် ခိုးယူခံရ Reviewed by THITHTOOLWIN on 02:46 Rating: 5
Powered by Blogger.