သမီးကို အဓမ္မကျင့်ရန်ကြံစည်


မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်တွင် သမီးအား သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်ခဲ့ကြောင်း သိရသည်။

၂ဝ၁၅ခုနှစ် ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီက ချောက်မြို့နယ် စလေအုပ်စု ထန်းပင်ခြံ ရပ်ကွက်တွင် (ဘ) ဦးဇော်သိန်း၏သမီး မ--- အသက်(၂၁) နှစ်သည် ၄င်း၏ဖခင်နှင့်အတူ နေအိမ် ၌ရှိနေစဉ် နေအိမ်အိပ်ခန်း အတွင်း အိပ်နေသောနေရာသို့ ဖခင်အရင်းဖြစ်သူ ဦးဇော်သိန်းက ဝင် ရောက်၍ သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်သည်ကို သမီးကရုန်းကန်နေစဉ် မိခင်ဖြစ်သူ ရောက်ရှိလာပြီး တွေ့မြင်ရသဖြင့် ပတ်ဝန်းကျင်အား အကူအညီတောင်းပြီး ဆွေမျိုးသားချင်းများနှင့် တိုင်ပင်ကာရဲစခန်းသို့သွားရောက်တိုင်တန်းခဲ့သည်။

ယခုလိုသမီးဖြစ်သူအားသားမယားဖြစ်ကျင့်ကြံစည်သူ ဦးဇော်သိန်းအသက်(၄၁)နှစ်(ဘ) ဦးစိန် ကြုတ်ကို (ပ)၇၉/၂ဝ၁၅၊ ပုဒ်မ ၃၇၆/၅၁၁ဖြင့် အမှုဖွင့်၍ အမှုစစ်ရဲအုပ်မြင့်သန်းက အမှုကိုစစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကောင်းခန့်(ချောက်)
The Union Daily
http://uniondaily.net
သမီးကို အဓမ္မကျင့်ရန်ကြံစည်  သမီးကို အဓမ္မကျင့်ရန်ကြံစည် Reviewed by THITHTOOLWIN on 13:54 Rating: 5
Powered by Blogger.