ရန်ကုန်မြစ်ဝ၌ ရေယာဉ်ချင်းတိုက်မိနစ်မြုပ်မူဖြစ်ပွား

ရေယာဉ်တိုက်မိ နစ်မြုပ်ခြင်း
၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၂၅ ရက် (၁)နာရီခန့် အချိန်တွင် ရန်ကုန်မြစ်ဝ လမ်းသာယာမီးပြ အရှေ့တောင်ဘက် (၁)မိုင်ခန့်အကွာတွင် ကျောက်ချထားသော ဗီယက်နမ်ကုန်တင်ရေယာဉ် M.V Thein Phu Silver သည် ကျောက်မျောကာ ၄င်းရေယာဉ်အနီးတွင် ကျောက်ချပ်နားထားသော ဆီတင်ရေယာဉ် MT Ocean Osprey အားဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါသည်။


 ယင်းတိုက်ခိုက်မှုကြောင့် ဗီယက်နမ်ကုန်တင်ရေယာဉ် M.V Thein Phu သည် နစ်မြုပ်မှုဖြစ်ပွားခဲ့ကာ ရေယာဉ်အမှုထမ်းများအား ဆီတင်ရေယာဉ် MT Ocean Osprey မှ ကယ်ဆယ်ထားရှိပါသည်။


 ထို့နောက် နစ်မြှပ်ရာနေရာနှင့် မိုင်(၃၀)ခန့်အကွာတွင်တာဝန်ထမ်းဆောင်နေသော တပ်မတော်(ရေ) မှ စစ်ရေယာဉ်(၅၅၇)မှနစ်မြှပ်ရာနေရာသို့သွားရောက်ကာ ဆီတင်ရေယာဉ် MT Ocean Osprey မှ ကယ်တင်ထားသော ဗီယက်နမ်လူမျိုးအမှုထမ်း(၁၄)ဦးအား နန်းသီတာ ဆိပ်ကမ်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။

တပ်မတော်-ရေ
https://www.facebook.com/MyanmarNavyOfficial/
ရန်ကုန်မြစ်ဝ၌ ရေယာဉ်ချင်းတိုက်မိနစ်မြုပ်မူဖြစ်ပွား  ရန်ကုန်မြစ်ဝ၌ ရေယာဉ်ချင်းတိုက်မိနစ်မြုပ်မူဖြစ်ပွား Reviewed by THITHTOOLWIN on 09:15 Rating: 5
Powered by Blogger.