ရန်ကုန်မှာ ဖြစ်ပွားတဲ့ အမှုကြီး ၂၀၀၀ ကျော်မှာ လူသတ်မှုက တ၀က်နီးပါး ဖြစ်နေ


ရန်ကုန်မှာ ဖြစ်ပွားတဲ့ အမှုကြီး ၂၀၀၀ ကျော်မှာ လူသတ်မှုက တ၀က်နီးပါး ဖြစ်နေ    ရန်ကုန်တိုင်းဒေသကြီးရဲ့ မှုခင်းဖြစ်စဉ် ဖြစ်ပွားမှုဟာ ၂၀၁၀ ကနေ၂၀၁၅ ခုနှစ်အထိ ၅နှစ်အတွင်း နှစ်စဉ်လိုလို လူသတ်မှု၊ လုယက်မှုအပါအ၀င် အမှုကြီးတွေ အဖြစ်များလာပြီး အမှုကြီး (၁၀) မျိုး အနက် လူသတ်မှုက အများဆုံးဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ စာရင်းများအရ သိရပါတယ်။ ဒီစာရင်းတွေအရ ၅ နှစ်အတွင်း အမှုကြီး ၂၀၀၀ ကျော်မှာ  လူသတ်မှုက  အများဆုံးဖြစ်နေပြီး ၉၂၆ မှု ဖြစ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အမှုကြီးဖြစ်စဉ်ရဲ့ ဒုတိယအများဆုံး မုဒိမ်းမှုက ၇၇၅ မှု၊ လုယက်မှု ၂၄၇ မှု၊ဖောက်ထွင်းမှု ၁၈၇ မှု၊ တိရစ္ဆာန်ခိုးမှု ၂၃ မှု၊ ဓါးမြမှု ၁၈ မှု၊ မတရားအသင်း ၁၅မှု၊ လက်နက်မှု ၄မှု နဲ့ ပြန်ပေးဆွဲမှု ၂မှု ဖြစ်ပွားခဲ့ပါတယ်။ဒါပေမဲ့ အမှုကြီး ဆယ်ခုထဲက တစ်ခု အပါအ၀င်ဖြစ်တဲ့ သစ္စာဖောက်မှု မဖြစ်ပွားခဲ့ဘူလို့သိရပါတယ်။    ရန်ကုန် လူသတ်မှုဖြစ်စဉ်တွေမှာတော့ ၂၀၁၃ မှာ ၃၄ မှု ပြန်လည်လျော့သွားပေမယ့် ကျန်နှစ်တွေမှာ လူသတ်မှုတွေ ဆက်တိုက် တိုးနေတာတွေ့ရပါတယ်။

လုယက်မှုမှာလဲ ၂၀၁၂ မှာ ၁၇မှု လျော့ခဲ့ပေမယ့် ကျန်နှစ်တွေမှာ ဆက်တိုက်တိုးနေပါတယ်။  မုဒိမ်းမှုတွေမှာလည်း (၂၀၁၃) နောက်ပိုင်း တစ်နှစ်ကို အနည်းဆုံး အမှု (၂၀) လောက် နှစ်စဉ်လျော့ခဲ့ပေမယ့် ၂၀၁၅ မှာတော့ မုဒိန်းမှုပေါင်း ၁၁၀ ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ခုနှစ်မှာ  အခြားအမှုပေါင်း (၁၃၅၀၀) ကျော်ဖြစ်ပွားခဲ့ပြီး ၂၀၁၄ ထက် (၉) မှု လျော့နည်းတာတွေ့ရပါတယ်။ ဒီလိုမှုခင်း ကြီးငယ် ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တိုင်းရဲတပ်ဖွဲ့ရုံးကို MRTV-4  က သွားရောက်မေးမြန်းရာမှာတော့ ၂၀၁၅ မှုခင်းဖြစ်စဉ်တွေမှာ တိုင်းရဲတပ်ဖွဲ့အနေနဲ့ အမှုဖော်ထုတ်နိုင်မှု  (၉၀) ရာခိုင်းနှုန်းကျော်ရှိတယ်လို့ ပြောပါတယ်။

MRTV-4
http://www.mrtv4.com.mm
ရန်ကုန်မှာ ဖြစ်ပွားတဲ့ အမှုကြီး ၂၀၀၀ ကျော်မှာ လူသတ်မှုက တ၀က်နီးပါး ဖြစ်နေ  ရန်ကုန်မှာ ဖြစ်ပွားတဲ့ အမှုကြီး ၂၀၀၀ ကျော်မှာ လူသတ်မှုက တ၀က်နီးပါး ဖြစ်နေ Reviewed by THITHTOOLWIN on 15:36 Rating: 5
Powered by Blogger.