အီရန်အပေါ် ချမှတ် ထားတဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှား


နိုင်ငံတကာ နဲ့ ကြား သဘောတူ ထားခဲ့သလို အီရန်ဟာ သူတို့ လုပ်ဆောင် ရမယ့် နျုကလီယာ ထိန်းချုပ်ရေး လုပ်ငန်းစဉ် တွေ အားလုံးကို လိုက်နာ ဆောင်ရွက် ခဲ့တယ် လို့ ကုလသမဂ္ဂရဲ့ နျူကလီယာ စောင့်ကြည့်ရေး အဖွဲ့ IAEA က အတည်ပြု ပြောဆို လိုက်ပါတယ်။

တရားဝင် ထုတ်ပြန်ချက် တစ်ရပ်လည်း IAEA ဘက်က မကြာခင် ထွက်လာလိမ့်လို့ မျှော်လင့် ရပါတယ်။

IAEA က အခုလို အတည်ပြု ပြောဆိုပြီး မကြာခင်မှာပဲ ဥရောပ သမဂ္ဂ အီးယူ က အီရန် အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှု တွေ ကို ရုတ်သိမ်း လိုက်ပြီ ဆိုပြီး အီးယူ အဖွဲ့ ရဲ့ နိုင်ငံခြားရေး မူဝါဒ ပိုင်း ဆိုင်ရာ အကြီးအကဲ ဖက်ဒရီးကား မိုဂီရီးနီးက ကြေညာလိုက်ပါတယ်။

အမေရိကန် ကလည်း အီရန် အပေါ် ချမှတ် ထားတဲ့ သူတို့ရဲ့ ပိတ်ဆို့ ကန့်သတ်မှု တွေကို ရုတ်သိမ်း လိုက်ပြီ ဖြစ်တယ် လို့ အမေရိကန် အစိုးရ က ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/

အီရန်အပေါ် ချမှတ် ထားတဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှား  အီရန်အပေါ် ချမှတ် ထားတဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှား Reviewed by THITHTOOLWIN on 05:36 Rating: 5
Powered by Blogger.