တစ်ဖက်နိုင်ငံသားသုံးဦး ရွှေပြည်သာ(ထ/၁၆)ရပ်ကွက်၌ ဖမ်းဆီးရမိမလေးရှားသို့ပို့ရန် အိမ်အောက်ထပ်၌ဝှက်သိမ်းထားခြင်းဖြစ်


ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေ ပြည်သာမြို့နယ် (ထ/၁၆) ရပ် ကွက်သီတာ(၇)လမ်း အမှတ် (၁၁၉၈-ခ) နေအိမ်တွင် မြန်မာ စကားမပြောတတ်သော တစ်ဖက် နိုင်ငံသားသုံးဦးအား နေအိမ်၏ နောက်ဘက် ပျဉ်ခင်း၊ ပျဉ်ကာ အခန်းငယ်တွင် ဝှက်သိမ်းထား သည်ကို ယခုလ ၂၁ရက် ည၁၁ နာရီက တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ယခုလ ၂၁ ရက် တွင် အမာခံသတင်းပေးသူတစ်ဦး ၏ သတင်းပေးပို့မှုမှတစ်ဆင့် ရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်၊ ရပ်မိရပ်ဖ ဦးသန်းမြင့်နှင့် လှော် ကားနယ်မြေရဲတပ်ဖွဲ့စခန်း စခန်း မှူး ရဲအုပ်လှမြင့်နှင့်အဖွဲ့သည် ည ဘက်ဧည့်စာရင်း စစ်ဆေး၍ ဝင် ရောက်ကြည့်ရှုခဲ့ရာမှ လူတစ်ဦး မှာ ထွက်ပြေးသွားသဖြင့် ဖမ်းဆီး စစ်ဆေးရာ တစ်ဖက်နိုင်ငံသား သုံးဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။ ဖမ်းဆီးခံရသူများမှာ အနူ ရောဇော (၁၉နှစ်) (ဘ) ဦးဟာ လာ(ဘင်္ဂါလီ/ အစ္စလာမ်) ဖိုးလာ လောင်းကျေးရွာ မြောက်ဦးမြို့ နယ်၊ မာမွတ်စလင်(၁၆နှစ်) (ဘ) ဦးမာကိုနီ(ဘင်္ဂါလီ/ အစ္စလာမ်) ဟော်လီဖာဒါရွာ မင်းပြားမြို့နယ်၊ နိုဘာအာမွတ် (၁၆နှစ်) (ဘ) ဦးမာမွတ်သော်ဒီယာ (ဘင်္ဂါလီ/ အစ္စလာမ်)ကတီကျေးရွာ မင်းပြား မြို့နယ် ရခိုင်ပြည်နယ်တွင်နေသူ သုံးဦးတို့ဖြစ်သည်။

၎င်းတို့ကိုစစ်မေးရာ ယခုလ ၂၁ ရက် ည ၈နာရီက အမှတ် (၁၁၉၈-ခ)နေ ဦးမောင်လှ(ခ) ဦးမူဆီတာကာနှင့် ဇနီး ဒေါ်လှလှ ဝင်း(ခ)မမေနီဟာခါဘူးတို့ လင် မယားကခေါ်ယူ၍လာခဲ့ကြောင်း၊ မလေးရှားသို့ပို့ဆောင်ရန်အတွက် အိမ်အနောက်ဘက် သုံးခန်း မြောက်အခန်းပေ(၇x၄)အကျယ် အခန်းငယ်တွင် ဝှက်သိမ်းထား ခဲ့ကြောင်း သိရသည်။

သို့ပါ၍ တရားမဝင်နိုင်ငံခြား သားများကို တစ်ဖက်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်နေ သော ဦးမောင်လှ(ခ)မူဆီတာကာ နှင့်ဇနီးအပါအဝင် ဖမ်းဆီးရမိသူ စုစုပေါင်းငါးဦးတို့အား (ပ)၂၃/ ၂ဝ၁၆ ပြစ်မှုဥပဒေပုဒ်မ ၃၈၆၊ ၃၇ဝတို့ဖြင့် စခန်းမှူးရဲအုပ်လှမြင့် က တရားလိုပြုလုပ်ကာ အမှုဖွင့် အရေးယူထားကြောင်းသိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယမန်နေ့ နံနက် ၈ နာရီခွဲတွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် စိမ်းလန်းအားမေးမြန်းခဲ့ရာ ''ကျွန် တော်တို့က မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးကြီးသိန်းဝင်းဆီကို သတင်း ရရချင်းပဲ တင်ပြပါတယ်။ သူ့ရဲ့ ညွှန်ကြားချက်အရ ဖမ်းဆီးရတာ ပဲဖြစ်ပါတယ်။ ဥပဒေပုဒ်မ ၃၈၆၊ ၃၇ဝ က လူခိုးရောင်းစား ခြင်းနဲ့ တစ်ဖက်နိုင်ငံကို ကျွန်ပြု အစေခံ အဖြစ်ခိုင်းစေမှုပဲဖြစ်ပါတယ်။ လဝကအက်ဥပဒေနဲ့လည်း ဆက် လက်အရေးယူမယ်လို့ သိထား ပါ တယ်''ဟုပြောကြားခဲ့သည်။

ကိုကိုနိုင်(ရွှေပြည်သာ)
The Union Daily
http://uniondaily.net/News/DetailView.aspx?id=41050&path=Crime.aspx
တစ်ဖက်နိုင်ငံသားသုံးဦး ရွှေပြည်သာ(ထ/၁၆)ရပ်ကွက်၌ ဖမ်းဆီးရမိမလေးရှားသို့ပို့ရန် အိမ်အောက်ထပ်၌ဝှက်သိမ်းထားခြင်းဖြစ်  တစ်ဖက်နိုင်ငံသားသုံးဦး ရွှေပြည်သာ(ထ/၁၆)ရပ်ကွက်၌ ဖမ်းဆီးရမိမလေးရှားသို့ပို့ရန် အိမ်အောက်ထပ်၌ဝှက်သိမ်းထားခြင်းဖြစ် Reviewed by THITHTOOLWIN on 18:16 Rating: 5
Powered by Blogger.