မြ၀တီမြို့မှာ နေ့ခင်းကြောင်တောင် သေနတ်ပစ်ခတ်မှုကြောင့် မြို့ခံများစိုးရိမ်


ဇန်န၀ါရီ - ၁၉ - ၂၀၁၆

ဒီနေ့မနက် ၈ နာရေီလောက်က မြ၀တီမြို့ လယ်က မြို့ ကျက်သရေဆောင် ရွှေမြင်းဝန်ဘုရားအနီးမှာ သေနတ်ပစ်ခတ်မှုဖြစ်ပြီး လူနှစ်ဦးသေနတ်ဒဏ်ရာရလို့ အခု ထိုင်းဘက်ခြမ်းက မဲဆောက်ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။

သေနတ်သမားကိုတော့ အခုချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးသလို အရင်ကလည်း အလားတူသေနတ်ပစ်ခတ်မှုတွေ ရှိခဲ့တာကြောင့် အတော့ကိုစိုးရိမ်မိတယ်လို့ မြ၀တီမြို့ခံတွေက ပြောဆိုကြပါတယ်။

ဒီနေ့ပစ်ခတ်မှုက အိမ်စီးကားတစီးပေါ်ကနေ နောက်အိမ်စီးကားတစီးကို ရုပ်ရှင်လိုလို ပြဇာတ်လိုလိုပုံစံမျိုး သေနတ်နဲ့လိုက်ပစ်တာပါ ။

မြန်မာနိုင်ငံရဲ့ဒုတိယမြောက် အကြီးမားဆုံး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာတည်ရှိတဲ့ မြ၀တီမှာ ဒီလိုမျိုး စည်းမဲ့ကမ်းမဲ့ မင်းမဲ့စရိုက်တွေ မရှိသင့်တော့ဘူးလို့လည်း ဒေသခံတွေက ဖြည့်စွက်ပြောဆိုကြပါတယ်။

ကရင်ပြည်နယ်မှာ ခရိုင် ၄ ခုရှိတဲ့အနက်က မြ၀တီခရိုင်ကတော့ သေနတ်နဲ့ပတ်သက်တဲ့ပြဿနာတွေ အများဆုံးဖြစ်ပွားနေတဲ့ မင်းမနိုင်ခရိုင်ဖြစ်နေတယ်လို့လည်း မြို့ ခံတဦးဖြစ်တဲ့ ဦးမွန်ကြီးက သုံးသပ်ပြောဆိုပါတယ်။

မြို့ ခံအများစုကတော့ အများပြည်သူတွေအတွက် ကျူပင်ခုတ်ရင် ကျူ ငုတ်မကျန်အောင် လုပ်ဆောင်ကြဘို့ အာသီသတွေ ရှိနေကြပါတယ်။

မန်း မျိုး မြင့်
သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ
https://www.facebook.com/knm.karen/
မြ၀တီမြို့မှာ နေ့ခင်းကြောင်တောင် သေနတ်ပစ်ခတ်မှုကြောင့် မြို့ခံများစိုးရိမ်  မြ၀တီမြို့မှာ နေ့ခင်းကြောင်တောင် သေနတ်ပစ်ခတ်မှုကြောင့် မြို့ခံများစိုးရိမ် Reviewed by THITHTOOLWIN on 17:31 Rating: 5
Powered by Blogger.