ထိုင်းနိုင်ငံ ပတ္တရား ကမ်းခြေမှ ကျောင်းသူများ ပြည့်တန်ဆာ အဖြစ် လုပ်ကိုင်နေသော နိုက်ကလပ်အား ၀င်ရောက်ဖမ်းဆီး


ဇန်န၀ါရီ ၃၀ ရက် ၂၀၁၆

ထိုင်းနိုင်ငံ ချွန်ဘူရီ ပြည်နယ်Pattaya ပတ္တရား ပင်လယ်ကမ်းစပ်မြိုမှာဖွင့်လှစ်ထားတဲ့ Bali Hai နိုက်ကလပ် ကပွဲရုံ အား ယနေ့ မနက် (၆) နာရီမှာ (သောကြာနေ့ ပါတီမှာ မနက်မိုးလင်းအထိ ကခုံကြသည်) ရဲတပ်ဖွဲ့ ဝင်တွေ ၀င်ရောက် စစ်ဆေးခဲ့ပါတယ်။

ကလပ်အတွင်း မှာ ကျောင်းဝတ်စုံတွေနဲ့  ကခုံနေကြတဲ့ လူငယ် ၂၀၀ ကျော် တွေ့ ရပါတယ်။
ရဲတွေက မီးတွေဖွင့်ခိုင်းလိုက်ပြီး ကနေသူအားလုံးကို ရပ်ခိုင်းလိုက်ပါတယ်။ ကလပ် အတွင်းမှ အမျိုးသမီး အမျိုးသားများ အားလုံးအား အုပ်စု နှစ်စုခွဲပြီး မှတ်ပုံတင်နဲ့  ဆီးစစ်ဆေး မှုတွေ ပြုလုပ်ခဲ့တဲ့အခါမှာ အယောက် (၃၀)ကျော်ဟာ မူးယစ်ဆေး ၀ါးသုံးစွဲထားတာတွေ့ ရပြီး မိန်းခလေး (၇)ယောက်က အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် ကျောင်းသူတွေပါ။


ဆိုင်မန်နေဂျနဲ့  ပိုင်ရှင်ကိုတော့ ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်၊ ယခင်က လည်း တစ်ကြိမ် ၀င်ရောက်ဖမ်းဆီးခဲ့ဘူးပြီး ဆိုင်ဖွင့်ခွင့် ငါးနှစ်ပိတ်ပင်ထားရာမှ တလအကြာ နံမည်တမျိုးပြောင်းပြီး ထပ်ဖွင့်ခဲ့တာပါ။

ယခုဝင်ရောက်ဖမ်းဆီးခဲ့တဲ့ နိုက်ကလပ်မှာ ကျောင်းသူလေးတွေ ပြည်တန်ဆာ အဖြစ် လုပ်ကိုင်နေတာကို ကြိုတင် သတင်းပေးခဲ့လို့  ရဲတပ်ဖွဲ့ ဝင် ၅၀ က ၀င်ရောက်ရှာဖွေ ဖမ်း ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဆေးသုံးဆွဲထားတဲ့ လူငယ်တွေကိုတော့ လူငယ်ပြုပြင်ရေး စခန်းဆီပို့ မှာဖြစ်ကြောင်း သိရပါတယ်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
ထိုင်းနိုင်ငံ ပတ္တရား ကမ်းခြေမှ ကျောင်းသူများ ပြည့်တန်ဆာ အဖြစ် လုပ်ကိုင်နေသော နိုက်ကလပ်အား ၀င်ရောက်ဖမ်းဆီး  ထိုင်းနိုင်ငံ ပတ္တရား ကမ်းခြေမှ ကျောင်းသူများ ပြည့်တန်ဆာ အဖြစ် လုပ်ကိုင်နေသော နိုက်ကလပ်အား ၀င်ရောက်ဖမ်းဆီး Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.