တနင်္သာရီမြို့နယ်၊ သဘော့လိပ်ကျေးရွာ အနီးတွင် ကြိုးတန်းလန်းနှင့် ပုပ်ပွသေဆုံးနေသော အလောင်းတစ်လောင်းတွေ့ရှိ


တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်း ကျေးရွာအုပ်စု၊ သဘော့လိပ်ကျေးရွာ၏ အနောက်မြောက်ဘက် ၂ မိုင်ခန့် ဒေသအခေါ် ဂမုန်းတောက်ခြေရှိ ကုတင်ချောင်းကမ်းပါးတွင် မြယာပင်အား နိုင်လွန်ကြိုးဖြင့် ချည်၍ လည်ပင်းအား ကြိုးကွင်းစွပ်ကာ ပြင်ပဒဏ်ရာမရှိ ပုပ်ပွသေဆုံးနေသော အလောင်းအား ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီအချိန်က သဘော့လိပ်ရွာသားများ တွေ့ရှိခဲ့သည်။

အဆိုပါ သေဆုံးသူမှာ လွန်ခဲ့သော ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ က သဘော့လိပ်ရွာမှ ပျောက်ဆုံးသွားသော စိတ်ကျန်းမာရေး မကောင်းသူ ဦးမြင့်တင် ၆၅ နှစ်ဖြစ်ကြောင်း ဒေသခံ ရွာသားများနှင့် ဆွေမျိုးတော်စပ်သူများထံမှ သိရှိရပြီး ယင်းသေဆုံးမှုနှင့် ပတ်သက်၍ တနင်္သာရီမြို့ မ ရဲစခန်းမှ အသေးစိပ် စစ်ဆေးပြီး ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် သေမှုသေခင်း ဖွင့်လှစ်စစ်ဆေးလျှက် ရှိကြောင်း သိရှိရသည်။

Ko tar yar
မြိတ်ပုလဲမြေ
https://www.facebook.com/myeiknews
တနင်္သာရီမြို့နယ်၊ သဘော့လိပ်ကျေးရွာ အနီးတွင် ကြိုးတန်းလန်းနှင့် ပုပ်ပွသေဆုံးနေသော အလောင်းတစ်လောင်းတွေ့ရှိ  တနင်္သာရီမြို့နယ်၊ သဘော့လိပ်ကျေးရွာ အနီးတွင် ကြိုးတန်းလန်းနှင့် ပုပ်ပွသေဆုံးနေသော အလောင်းတစ်လောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 16:29 Rating: 5
Powered by Blogger.