အာဘူ ဘာကာ ရုံးထုတ်တဲ့နေ့မှာ ကျောင်းပိတ်ထား

Abu Bakar ကို အကျဉ်းထောင်မှာ တွေ့ရစဉ် (Credit: Reuters) 
အင်ဒိုနီးရှားနိုင်ငံChilicap ​မြို့မှာ ​အစွမ်းရောက် ​ဝါဒီသမား ​Abu ​Bakar ​Bashir ​က ​တရားရုံးမှာ ​အမှုရင်ဆိုင်ဖို့ ​ရှိတဲ့အတွက် ​စာသင်ကျောင်းတွေ ​ပိတ်ချထားပြီး ​စစ်ဆေးရေး ​ဂိတ်တွေ ​မြို့အနှံ့မှာ ​ချမှတ်ထားရပါတယ်။

ဘာသာရေး ​ဆရာ ​Abu ​Bakar ​Bashir ​ဟာ ​အကြမ်းဖက်မှု ​စစ်သင်တန်းကျောင်း ​တစ်ခုကို ​ငွေကြေး ​ထောက်ပံ့တဲ့ ​အမှုနဲ့ ​အနည်းဆုံး ​ထောင်ဒဏ် ​၉ ​နှစ် ​ချမှတ်ခံနေရ ​ပါတယ်။

သူ့ရဲ့ ​ရှေ့နေတွေကတော့ ​သူ့ကို ​ဖမ်းဆီးခဲ့တုန်းက ​မဖြစ်သင့်တာတွေ ​ဖြစ်ခဲ့လို့ ​အမှုကို ​ပြန်လည် ​ဆန်းစစ်ဖို့ ​တရားရုံးမှာ ​အယူခံ ​ဝင်ထားတာ ​ဖြစ်ပါတယ်။

အမှုကို ​ပြန်လည် ​စစ်ဆေးတဲ့အခါမှာလည်း ​Abu ​Bakar ​Bashir ​အနေနဲ့ ​အနိုင်ရဖို့ ​အလားအလာ ​မရှိပေမယ့်လည်း ​အမှုကို ​ပြန်လည် ​ကြားနာနေတုန်း ​သူ့ကို ​ထောက်ခံသူတွေက ​ပြဿနာ ​လုပ်မှာ ​စိုးလို့ ​ကျောင်းတွေ ​ပိတ်ချပြီး ​လုံခြုံရေးတွေ ​တင်းကြပ်ထားတာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

အာဘူ ဘာကာ ရုံးထုတ်တဲ့နေ့မှာ ကျောင်းပိတ်ထား  အာဘူ ဘာကာ ရုံးထုတ်တဲ့နေ့မှာ ကျောင်းပိတ်ထား Reviewed by THITHTOOLWIN on 14:45 Rating: 5
Powered by Blogger.