နောက်ထပ်(၅)ရက်လောက်အထိ မိုးရွာနှိုင်


လက်ရှိဖြစ်ပေါ်နေတဲ့ မိုးရွာသွန်းမှုအခြေအနေ နောက်ထပ်(၅)ရက်လောက်အထိ အများဆုံးပါပဲ။

၂၅-၁-၂၀၁၆ ည(၉း၁၁)နာရီ

ဆောင်းရာသီ ကာလတွေမှာ တရုတ်ပြည်မကြီးရဲ့ ကုန်းတွင်းပိုင်းမျာ ရာသီအလိုက် ဖြစ်ပေါ်တဲ့ လေဖိအားများ ရပ်ဝန်းကြီး (Seasonal High Pressure) ဆိုတာ ဖြစ်ပေါ်လေ့ရှိပါတယ်။ အဲဒီ High ကို China High လို့ပဲ ခေါ်လေ့ရှိပါတယ်။ ဒီ High အားကောင်းလာတာနဲ့ အရှေ့မြောက်လေအေးတွေဟာ အင်ဒိုချိုင်းနားကျွန်းဆွယ်ဖက်ကို ထိုးဆင်းလာလေ့ရှိပါတယ်။ ဒီအခါ အင်ဒိုကျွန်းဆွယ်ပေါ်မှာ ရှိနေတဲ့ လေးနွေးများနဲ့ ထိတွေ့မိပြီး လေထုမငြိမ်မသက်ဖြစ်ကာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီအခါမှာ မိုးသီးကြွေတာတွေ၊ လေတိုက်တာတွေ၊ မိုးရွာတာတွေ အခါမဟုတ်ပဲ ဖြစ်တတ်ပါတယ်။

လက်ရှိ မိုးရွာသွန်းနေမှုဟာ ဒီအကြောင်းကြောင့်ပါပဲ။ (၂၅-၁-၂၀၁၆)ရက်နေ့မှစပြီး နောက်ထပ်(၅)ရက်လောက်အထိ မြန်မာနိုင်ငံ အရှေ့ဖက်ပိုင်းဒေသများနဲ့အတူ အလယ်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသများမှာပါ မိုးနည်းနည်း ရွာနိုင်ပြီး မိုးရေချိန်ပမာဏကတော့ အများဆုံး(၁)လက်မခန့်သာ ဒေသအချို့မှာ ရွာနှိုင်ပြီး အများအားဖြင့်တော့ (၁)လက်မအောက်လျော့နည်းနှိုင်ပါတယ်။

ဒေါက်တာထွန်းလွင်
https://www.facebook.com/tunlwin48
နောက်ထပ်(၅)ရက်လောက်အထိ မိုးရွာနှိုင်   နောက်ထပ်(၅)ရက်လောက်အထိ မိုးရွာနှိုင် Reviewed by THITHTOOLWIN on 22:31 Rating: 5
Powered by Blogger.