ရန်ကုန်တောင်ပိုင်းကို ဗဟိုပြု၍ ငလျင် ၂ ကြိမ်လှုပ်

PHOTO - Myanmar Earthquake Committee
ရန်ကုန်၊ ဇန်န၀ါရီ ၁၃ ။

ရန်ကုန်မြို့ တောင်ဘက်ပိုင်းကို ဗဟိုပြု၍ ဇန်န၀ါရီလ ၁၂ ရက် ညပိုင်းတွင် ငလျင် ၂ ကြိမ်လှုပ် ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီက သတင်းထုတ်ပြန်သည်။

Thai Meteorology Department (TMD) ၏ ထပ်မံတွက်ချက်မှုအရ ပမာဏ ၄.၈ရှိ ငလျင်ဗဟိုချက်မှာ ရန်ကုန်မြို့ တောင်ဘက်ကမ်းခြေ တ၀ိုက်တွင်ဖြစ်ပြီး ဒေသစံတော်ချိန် ည ၉း၂၉း၃၀ တွင်လှုပ်ခတ်သွားခဲ့သည်။

၎င်းနောက် ည ၉း၄၇း၂၃ ချိန်တွင် ပထမငလျင်ဗဟိုချက်၏ အရှေ့မြောက်ဘက် ၅၀ကီလိုမီတာအကွာတွင် ပမာဏ ၃.၈ရှိ နောက်ဆက်တွဲ ငလျင်ငယ်လှုပ်ခတ်ခဲ့ကြောင်း  မြန်မာနိုင်ငံမြေငလျင်ကော်မတီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်

ရန်ကုန်တောင်ပိုင်းကို ဗဟိုပြု၍ ငလျင် ၂ ကြိမ်လှုပ်  ရန်ကုန်တောင်ပိုင်းကို ဗဟိုပြု၍ ငလျင် ၂ ကြိမ်လှုပ် Reviewed by THITHTOOLWIN on 03:31 Rating: 5
Powered by Blogger.