အိုင်အက်စ်အဖွဲ့ဝင်ဟု သံသယရှိသူ ခုနစ်ဦး မလေးရှားရဲတပ်ဖွဲ့ ဖမ်းဆီး


ကွာလာလမ်ပူ ဇန်နဝါရီ ၂၄

လွန်ခဲ့သည့်ရက်များအတွင်း အိုင်အက်စ်အဖွဲ့ဝင် များဟု သံသယရှိသူ ခုနစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၄ ရက်တွင် ပြောကြား သည်။ ယခုလအစောပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့တော်၌ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် မလေးရှား တာဝန်ရှိသူများက လုံခြုံရေးအဆင့်တိုးမြှင့်ထားခဲ့သည်။

လွန်ခဲ့သည့်ရက်များအတွင်း မလေးရှားအထူး ရဲတပ်ဖွဲ့က အကြမ်းဖက်သမားဟု သံသယရှိသူ ခုနစ်ဦးကို မလေးရှားနိုင်ငံ ပြည်နယ်လေးခုတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း မလေးရှားရဲချုပ် ခါလစ်အဘူဘေကာက ပြောကြားသည်။

ကွာလာလမ်ပူမြို့တော်ရှိ အမြန်ရထားဘူတာရုံ တစ်ခုကို အသေခံဗုံးဖောက်ခွဲတိုက်ခိုက်ရန် ကြံစည်သည့် အမျိုးသားတစ်ဦးကိုလည်းဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ဖမ်းဆီး ရမိထားသည့် ခုနစ်ဦးသည် အကြမ်းဖက်အဖွဲ့အစည်း တစ်ခုတည်းမှဖြစ်နိုင်ကြောင်းနှင့် နိုင်ငံတွင်းရှိ အချက်အချာ ကျသည့်နေရာများကို တိုက်ခိုက်သွားရန်ရည်ရွယ်ထားကြကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောကြားသည်။

ဖမ်းဆီးရမိထားသူများကို ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ်အဖွဲ့ဝင် မလေးရှားနိုင်ငံသားတစ်ဦးက အကြမ်းဖက်တိုက်ခိုက်ရန်ညွှန်ကြားသည်ဟု ယူဆရသကဲ့သို့ ဂျကာတာမြို့အကြမ်းဖက်တိုက်ခိုက်မှုကို နောက်ကွယ်မှ ညွှန်ကြားသည့် ဆီးရီးယားနိုင်ငံရှိ အင်ဒိုနီးရှားနိုင်ငံသား အိုင်အက်စ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်နိုင်ကြောင်း မလေးရှား ရဲတပ်ဖွဲ့က ယူဆသည်။

မလေးရှားနိုင်ငံသား ၅၅ ဦးခန့်သည် ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ အိုင်အက်စ်အဖွဲ့နှင့် ပူးပေါင်းရန် မလေးရှား နိုင်ငံမှထွက်ခွာသွားခဲ့ပြီး ၁၇ ဦး သေဆုံးသွားခဲ့ကြောင်းနှင့် သေဆုံးသူများအနက် ခြောက်ဦးမှာ အသေခံဗုံးဖောက်ခွဲမှု တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း မလေးရှား တာဝန်ရှိသူ များက ပြောကြားသည်။

ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
အိုင်အက်စ်အဖွဲ့ဝင်ဟု သံသယရှိသူ ခုနစ်ဦး မလေးရှားရဲတပ်ဖွဲ့ ဖမ်းဆီး  အိုင်အက်စ်အဖွဲ့ဝင်ဟု သံသယရှိသူ ခုနစ်ဦး မလေးရှားရဲတပ်ဖွဲ့ ဖမ်းဆီး Reviewed by THITHTOOLWIN on 07:28 Rating: 5
Powered by Blogger.