ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဆိုင်ကယ်ဖြင့် လုယက်မှုကျူးလွန်သူ (၂)ဦးအား ဖမ်းဆီးရမိ


ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဆိုင်ကယ်ဖြင့် လုယက်မှုကျူးလွန်သူ (၂)ဦးအား လှည့်ကင်း(ဆလွန်း)ယာဉ် တာဝန်ကျ တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိ

ရန်ကုန်၊ ဇန်န၀ါရီ ၂၈

၂၇.၁.၂၀၁၆ ရက်နေ့ ၂၀၀၀ အချိန်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ဦးနိုင်နိုင်ဦးသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ခဲ့ရာ အဆိုပါရပ်ကွက်ရှိ ဒဂုံသီရိလမ်းမပေါ်အရောက် ၎င်း၏နောက်ဘက်မှ ဆိုင်ကယ်စီးနင်းလာသူ လူငယ်(၂)ဦးလိုက်လာပြီး ဆိုင်ကယ်မောင်းသူ လူငယ်မှ ခြိမ်းခြောက်၍ ခြေထောက်နှင့်ကန်သဖြင့် ယိုင်သွားစဉ် ဆိုင်ကယ် နောက်တွင်ထိုင်စီးလာသူ လူငယ်မှ ၎င်းလွယ်ထားသော ငွေကျပ်(၁)သိန်း၊ ဆင်းကတ်ပါ Nokia လက်ကိုင်ဖုန်း(၁)လုံနှင့် စာရွက် စာတမ်းများ ပါရှိသည့် အနက်ရောင်ဘေးလွယ်အိတ်အား လုယူ ထွက်ပြေး သွားခဲ့ပါသည်။

ထိုသို့လုယူခံရသဖြင့် ဦးနိုင်နိုင်ဦးမှ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းသို့ လာရောက် အကြောင်းကြားခဲ့ရာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ လှည့်ကင်း တာဝန် ဆောင်ရွက်နေသော လှည့်ကင်း(ဆလွန်း) ယာဉ်တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များအားချိတ်ဆက်၍ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ယင်းသို့ဆောင်ရွက်ခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများဖြစ်သည့် သန်လျင်မြို့နယ်နေ အီးတီ(ခ)ဘီလျှံဒီဇင်၊ (၂၁)နှစ်နှင့် အသေးလေး(ခ)သီဟဇော်၊ (၁၉)နှစ်တို့(၂)ဦးအား ၎င်းတို့လုယူခဲ့သော အနက်ရောင်ဘေးလွယ်အိတ်၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့်ဆိုင်ကယ်နှင့်အတူ ၂၂၄၀ အချိန်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၃)ရပ်ကွက်ရှိ ဒဂုံတံတား အောက်လမ်းဘေးမှ ဖမ်းဆီးရမိခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူ အီးတီ(ခ)ဘီလျှံဒီဇင်နှင့် အသေးလေး(ခ)သီဟဇော်တို့ (၂)ဦးထံမှ သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့မရဲစခန်း(ပ) ၁၀၇/၂၀၁၆၊ ပြစ်မှုပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဆိုင်ကယ်ဖြင့် လုယက်မှုကျူးလွန်သူ (၂)ဦးအား ဖမ်းဆီးရမိ  ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဆိုင်ကယ်ဖြင့် လုယက်မှုကျူးလွန်သူ (၂)ဦးအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 22:41 Rating: 5
Powered by Blogger.