မော်လမြိုင်မြို့ ကျောက်တန်းကျေးရွာတွင် ၀ါယာရှော့ခ်ဖြစ်ရာမှ မီးလောင် ကျွမ်းမှုဖြစ်ပွား နေအိမ်ငါး လုံးပျက်စီး


မော်လမြိုင် ဇန်န၀ါရီ ၃၁

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျောက်တန်းကျေးရွာ နှင်းဆီလမ်းရှိ နေအိမ်တစ်လုံး၌ ယနေ့မွန်းလွှဲ ၁၂ နာရီ ၄၅ မိနစ်တွင် ၀ါယာရှော့ခ်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၅ လုံးပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုမှာ ကျောက်တန်းကျေးရွာ၊ နှင်းဆီလမ်းနေ ဒေါ်စိန်စိန်စိုး၏ နေအိမ်တွင် မီးပျက်ရာမှ မီးစတင်ပြန်လာချိန်တွင် နေအိမ်အတွင်း သွယ်တန်းထားသော ဟောင်းနွမ်းဆွေးမြေ့ နေသည့် လျှပ်စစ်ဝါယာ ကြိုးများ အပူလွန်ကဲရာမှ စတင်လောင် ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်ယာဉ် ၃ စီးဖြင့် ငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီတွင် မီးငြိမ်း သတ်နိုင်ခဲ့ကြောင်း မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၅ လုံး ကူးဆက် လောင်ကျွမ်းခဲ့ရပြီး ထိခိုက်ဒဏ်ရာရ ရှိမှုနှင့် သေဆုံးမှုမရှိကြောင်း မီးစတင်လောင်ကျွမ်းခဲ့သည့် ဒေါ်စိန်စိန် (၃၂) နှစ် (ဘ) ဦးစိန်သောင်းအား ပုဒ်မ (ပ) ၁၁၉ / ၂၀၁၆ / ၂၈၅ ဖြင့် မုပွန်ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မော်လမြိုင်မြို့ ကျောက်တန်းကျေးရွာတွင် ၀ါယာရှော့ခ်ဖြစ်ရာမှ မီးလောင် ကျွမ်းမှုဖြစ်ပွား နေအိမ်ငါး လုံးပျက်စီး  မော်လမြိုင်မြို့ ကျောက်တန်းကျေးရွာတွင် ၀ါယာရှော့ခ်ဖြစ်ရာမှ မီးလောင် ကျွမ်းမှုဖြစ်ပွား နေအိမ်ငါး လုံးပျက်စီး Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.