အစိုးရသစ်ကို စာရင်းဇယားများလွှဲရန် ဝန်ကြီးဌာနများအတွက် အချိန်သတ်မှတ်

နိုင်ငံတော် အကြီးအကဲတာဝန်နဲ့ အစိုးရအဖွဲ့တာဝန် စနစ်တကျ လွှဲပြောင်းရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁၆ ရက်နေ့က နေပြည်တော်မှာပြုလုပ်စဉ် Photo: U Ye Htut Facebook
ပြည်ထောင်စုဝန်ကြီးဌာနတွေ အနေနဲ့ အစိုးရသစ်ဆီလွှဲပြောင်းပေးရမယ့် စာရင်းဇယားတွေကို လာမယ့် မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော် သမ္မတရုံးဆီ တင်ပြရမယ်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှုး က ပြောကြားလိုက်ပါတယ်။

အသေးစိတ်အချက်အလတ်တွေကို လာမယ့်သီတင်းပတ်မှာ ထုတ်ပြန်ပေးသွားမယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေးက ပြောပါတယ်။

"မှန်ပါတယ်၊ အခုလောလောဆယ်တော့ ကျနော်တို့ပြောလို့မရသေးဘူး၊ နောက်သတင်းထုတ်မယ်ဗျ၊ နောက်အပတ်ထဲတော့"

၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို အစိုးရ တာဝန်လွှဲ ပြောင်းပေးဖို့အတွက် အစိုးရဘက်က တာဝန်လွှဲပြောင်း အထောက်ကူပြုကော်မတီကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။

တာဝန်လွှဲပြောင်း အထောက်အကူပြုကော်မတီထဲမှာ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဥက္ကဌအဖြစ် တာဝန်ယူထားပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်းနဲ့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ ပါဝင်ပါတယ်။

NLD ပါတီရဲ့ အသွင်ကူးပြောင်းရေးအဖွဲ့မှာတော့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဒေါက်တာ မျိုးအောင်နဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာအောင်သူတို့ ပါဝင်ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
အစိုးရသစ်ကို စာရင်းဇယားများလွှဲရန် ဝန်ကြီးဌာနများအတွက် အချိန်သတ်မှတ်  အစိုးရသစ်ကို စာရင်းဇယားများလွှဲရန် ဝန်ကြီးဌာနများအတွက် အချိန်သတ်မှတ် Reviewed by THITHTOOLWIN on 21:25 Rating: 5
Powered by Blogger.