အာရှမှာ အကြမ်းဖက် ဖြစ်မယ်ဆိုတာ ကြိုသိလို့ဆို

အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်း ပြသတဲ့ အင်ဒိုနီးရှား ကျောင်းသား ကျောင်းသူများ (Credit: AFP) 
သြစတြေးလျနိုင်ငံ ​နိုင်ငံခြားရေး ​ဝန်ကြီး ​ဂျူလီဘိရှော့ပ်ရဲ့ ​အဆိုအရ ​အရှေ့တောင် ​အာရှမှာ ​အကြမ်းဖက်မှု ​ဖြစ်မယ်ဆိုတဲ့ ​သတင်းကို ​အရင်ကတည်းက ​ရရှိထားတယ်လို့ ​ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ ​မြို့တော် ​ဂျာကာတာမြို့မှာ ​ဖြစ်ခဲ့တဲ့ ​အကြမ်းဖက်မှုနဲ့ ​ဆက်စပ်ပြီး ​ဂျူလီ ​ဘိရှော့ပ်က ​ပြောသွားခဲ့တာပါ။

အဲဒီအကြမ်းဖက်မှုနဲ့ ​ဆက်စပ်ပြီး ​IS ​အစ္စလာမ်မစ် ​အဖွဲ့က ​သူတို့ ​အဖွဲ့ရဲ့ ​လက်ချက်ဖြစ်ကြောင်း ​တာဝန်ယူလိုက်ပါတယ်။

သြစတြေးလျ ​အနေနဲ့ ​အင်ဒိုနီးရှား ​အစိုးရကို ​ထောက်လှမ်းရေး ​သတင်းအချက်အလက်တွေမှာ ​အကူအညီပေးတာတွေ ​လုပ်နေတယ်လို့လည်း ​ပြောပါတယ်။

အင်ဒိုနီးရှား ​ရဲတွေရဲ့ ​အဆိုအရ ​Bahrun ​Naim ​ဆိုတဲ့ ​လူရဲ့ ​လက်ချက်ကြောင်း ​ဖြစ်ရတယ်လို့ ​ပြောဆိုပြီး ​အဲဒီလူက ​သူဟာ ​IS ​ရဲ့ ​အရှေ့တောင်အာရှ ​ဆိုင်ရာ ​ခေါင်းဆောင်ဖြစ်တယ်လို့ ​ဆိုပါတယ်။

အဲဒီလူဟာ ​အင်ဒိုနီးရှားနိုင်ငံမှာ ​ဆိုင်သေးသေးလေး ​ဖွင့်ပြီး ​ဆိတ်ငြိမ်စွာ ​နေထိုင်ခဲ့ပေမယ့် ​အခုအခါမှာတော့ ​ဆီးရီးယားမှာ ​နေပြီး ​IS ​နဲ့ ​ပူးပေါင်းနေတာ ​ဖြစ်ပါတယ်။

သြစတြေးလျရဲ့ ​အိမ်နီးခြင်းနိုင်ငံ ​ဂျာကာတာမှာ ​အကြမ်းဖက်မှု ​ဖြစ်ပေါ်ပြီးနောက် ​IS ​ကို ​တိုက်ဖျက်ဖို့ ​အီရတ်နဲ့ ​ဆီးရီးယားကို ​သြစတြေးလျ ​စစ်သားတွေ ​ထပ်ပို့မလားလို့ ​မေးတဲ့အခါ ​နိုင်ငံခြားရေး ​ဝန်ကြီးက ​ထပ်ပို့ဖို့ ​မရှိဘူးလို့ ​ဖြေကြားခဲ့ပါတယ်။
ဂျာကာတာမှာ ​လုံခြုံရေးတင်းကြပ်နေ

အင်ဒိုနီးရှားနိုင်ငံ ​ဂျာကာတာမြို့မှာ ​ဒီကနေ့ ​လုံခြုံရေးတွေ ​တင်းကြပ်နေတယ်လို့ ​အေဘီစီ ​သတင်းထောက်က ​ပြောပါတယ်။

ဂျာကာတာ ​မြို့လယ်မှာ ​မနေ့တုန်းက ​အကြမ်းဖက်မှု ​ဖြစ်ပြီးတဲ့နောက် ​ဒီကနေ့မှာတော့ ​Starbucks ​ကော်ဖီဆိုင်ခွဲတွေ ​အားလုံး ​ပိတ်ချထားသလို၊ ​ရှော့ပင်းစင်တာတွေ၊ ​ရုံးတွေနဲ့ ​သံရုံးတွေမှာ ​လုံခြုံရေး ​တင်းကြပ်ထားပါတယ်။

ကုလသမဂ္ဂရုံး ​​အနားမှာ ​​ဗုံးပေါက်ကွဲမှု ​​ဖြစ်ခဲ့တဲ့အတွက် ​​အနည်းဆုံး ​​လူ ​​၇ ​​ဦး ​​သေဆုံးခဲ့ရပါတယ်။

သေဆုံးသူထဲမှာ ​ပြည်သူတွေ၊ ​အကြမ်းဖက် ​သမားတွေနဲ့ ​ရဲတစ်ယောက်လည်း ​​ပါဝင်တယ်လို့ ​​ဆိုပါတယ်။

မော်တော်ဆိုင်ကယ် ​​စီးလာတဲ့ ​​လူတွေက ​​လက်ပစ်ဗုံးနဲ့ ​​တိုက်ခိုက်ခဲ့တာလို့ ​​အင်ဒိုနီးရှားရဲက ​​ပြောပါတယ်။

အင်ဒိုနီးရှား ​​မြို့လယ်တဝိုက်မှာ ​​ပေါက်ကွဲသံ ​​၆ ​​ကြိမ်လောက် ​​ကြားခဲ့ရတယ်လို့လည်း ​​အေဘီစီ ​​သတင်းထောက်က ​​ပြောပါတယ်။

Startbucks ​​ကော်ဖီဆိုင်မှာလည်း ​​ပေါက်ကွဲမှု ​​တစ်ခု ​​ဖြစ်ပွားခဲ့ပါတယ်။

ဗုံးပေါက်ကွဲတဲ့ ​​နေရာဟာ ​​သမ္မတရဲ့ ​​အိမ်တော်၊ ​​ဒုသမ္မတ ​​အိမ်တော်နဲ့ ​​တခြား ​​အရေးကြီးတဲ့ ​​အဆောက်အဦးတွေရှိတဲ့ ​​နေရာနဲ့ ​​တအား ​​မဝေးတဲ့ ​​နေရာလည်း ​​ဖြစ်ပါတယ်။

အေဘီစီ ​​သတင်းဌာနကလည်း ​​ဗုံးပေါက်ကွဲမှု ​​ဖြစ်တဲ့ ​​နေရာနဲ့ ​​တစ်ကီလိုမီတာတောင် ​​မဝေးဘူးလို့ ​​ဆိုပါတယ်။

ကုလသမဂ္ဂ ​​အမှုထမ်း ​​Jeremy ​​Douglas ​​ကတော့ ​​ပထမဗုံး ​​ပေါက်ကွဲတုန်းက ​​သူက ​​ကားထဲမှာ ​​ရှိနေတယ်လို့ ​​ဆိုပါတယ်။

ကားထဲကနေ ​​ထွက်လာတဲ့အခါ ​​ဒုတိယဗုံး၊ ​​တတိယ၊ ​​စတုတ္တ၊ ​​ပဉ္စမ ​​ပြီးတော့ ​​ခြောက်ကြိမ်မြောက် ​​ဗုံးပေါက်ကွဲမှုနဲ့အတူ ​​နောက်ပိုင်းမှာ ​​သေနတ်သံတွေ ​​ကြားခဲ့ရတယ်လို့လည်း ​​အေဘီစီကို ​​ပြောပါတယ်။

မကြာသေးခင်တုန်းကပဲ ​​အင်ဒိုနီးရှားနိုင်ငံမှာ ​​ခရစ္စမတ်နဲ့ ​​နှစ်သစ်ကူး ​​ကာလအတွင်း ​​အကြမ်းဖက်မှု ​​ဖြစ်နိုင်တယ်ဆိုတဲ့ ​​ခြိမ်းခြောက်မှုတွေ ​​ရှိခဲ့ပါတယ်။

By political reporter Stephanie Anderson
ABC Radio Australia
http://www.radioaustralia.net.au/burmese
အာရှမှာ အကြမ်းဖက် ဖြစ်မယ်ဆိုတာ ကြိုသိလို့ဆို  အာရှမှာ အကြမ်းဖက် ဖြစ်မယ်ဆိုတာ ကြိုသိလို့ဆို Reviewed by THITHTOOLWIN on 14:19 Rating: 5
Powered by Blogger.