“ဘုရားဒကာအမည်ခံ လောင်းကစားနှင့် ဘိန်းရာဇာ” များ ဖမ်းမိ







ရွှေပြည်သာ၊ လှိုင်သာယာ မြို့နယ်များအတွင်း ပြည်သူ့ဘ၀ လုံခြုံရေးကို ထိပါးနှောက်ယှက် သူများအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အထူးစီမံချက်ဖြင့် ဖမ်းဆီးအရေးယူ

ရန်ကုန်၊ ဇန်န၀ါရီ ၂၀

၁၇.၁.၂၀၁၆ ရက်နေ့တွင် Facebook လူမှုကွန်ရက်စာမျက်နှာများ၌ “ဘုရားဒကာအမည်ခံ လောင်းကစားနှင့် ဘိန်းရာဇာ” ခေါင်းစဉ်ဖြင့် လှိုင်သာယာမြို့နယ်တွင် လူမိုက် ၀င်းနိုင်နှင့် လူမိုက် ခင်စိန်တို့ ဦးဆောင်၍ မူးယစ်ဆေးဝါး ရောင်းချခြင်း၊ လောင်းကစားဝိုင်းများ ပြုလုပ်နေခြင်း စသည့် အကြောင်းအရာများကို မှတ်တမ်းဓါတ်ပုံများဖြင့် ဖော်ပြပါရှိလာခဲ့ပါသည်။

ယင်းသို့ ဖော်ပြ ပါရှိလာမှုနှင့် ပတ်သက်၍ အများပြည်သူ၏ ဘ၀လုံခြုံရေးကို ထိပါးစေသည့်အပြင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာစေနိုင်သဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ စီမံညွှန်ကြားမှုဖြင့် အထူးအဖွဲ့များဖွဲ့စည်း၍ ဖမ်းဆီးဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀.၁.၂၀၁၆ ရက်နေ့တွင် လူမှုကွန်ရက်စာမျက်နှာပါ လှိုင်သာယာမြို့နယ်နေသူ များဖြစ်သည့် ၀င်းနိုင်၊ (၄၄)နှစ်၊ လိပ်(ခ)ခင်စိန်၊ (၄၇)နှစ်၊ အောင်စိုး(ခ)အောင်စိုးလေး၊ (၄၁)နှစ်၊ ရွှေအိုးစည်(ခ)ရဲညွန့်၊ (၄၂)နှစ်တို့နှင့် ရွှေပြည်သာမြို့နယ်နေသူများဖြစ်သည့် ၀င်းနိုင်၊ (၅၀)နှစ်၊ စိန်ဌေး၊ (၅၆)နှစ်တို့(၆)ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိခဲ့သည့် ၀င်းနိုင်ပါ(၆)ဦးတို့အား စစ်ဆေးဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ ရဲစခန်းများ၌ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
“ဘုရားဒကာအမည်ခံ လောင်းကစားနှင့် ဘိန်းရာဇာ” များ ဖမ်းမိ  “ဘုရားဒကာအမည်ခံ လောင်းကစားနှင့် ဘိန်းရာဇာ” များ ဖမ်းမိ Reviewed by THITHTOOLWIN on 21:26 Rating: 5
Powered by Blogger.