ကန်အနေနဲ့ ကင်ဆာရောဂါ အမြစ်ပြတ် ကုသဖို့ အိုဘားမား မျှော်လင့်

အမေရိကန် သမ္မတ ဘာရက် အိုဘားမား (Credit: Reuters)
အမေရိကန် ​သမ္မတရဲ့ ​နောက်ဆုံး ​ကွန်ဂရက်လွှတ်တော် ​မိန့်ခွန်းအတွင်း ​အမေရိကန်နိုင်ငံအနေနဲ့ ​ကင်ဆာရောဂါကို ​အမြစ်ပြတ် ​ကုသနိုင်တဲ့ ​နိုင်ငံ ​ဖြစ်သင့်တယ်လို့ ​ပြောသွားခဲ့ပါတယ်။

ကွန်ဂရက် ​လွှတ်တော်ထဲ ​ဝင်လာတဲ့ ​သမ္မတ ​အိုဘားမားကို ​မတ်တတ်ရပ် ​သြဘာပေး ​ကြိုဆိုခဲ့ကြပါတယ်။

သမ္မတကတော့ ​သူ့အနေနဲ့ ​အနာဂတ်ကိုပဲ ​မျှော်ကိုးပြီး ​မိန့်ခွန်း ​ပြောမယ့်အကြောင်း၊ ​စီးပွားရေးမှာ ​မျှတမှုရှိဖို့၊ ​စက်မှုနည်းပညာနဲ့ ​ရာသီဥတု ​ပြောင်းလဲမှု ​ပြဿနာကို ​ဖြေရှင်းဖို့နဲ့ ​အမေရိကန်နိုင်ငံမှာ ​လုံခြုံရေးရှိပြီး ​ကမ္ဘာမှာ ​ဦးဆောင်နိုင်ဖို့အကြောင်းတွေကို ​စဉ်းစားလုပ်ဆောင်ဖို့ ​တိုက်တွန်းခဲ့ပါတယ်။

ကျန်းမာရေး ​ကဏ္ဍကိုလည်း ​ငွေကြေး ​ထောက်ပံ့မှုတွေ ​တိုးမြင့်ပြီး ​ကင်ဆာရောဂါကို ​အမြစ်ပြတ် ​ကုသနိုင်တဲ့အထိ ​တိုးတက်အောင် ​လုပ်ဆောင်ဖို့လည်း ​တိုက်တွန်းသွားပါတယ်။

သူ့လက်ထက်အတွင်း ​အမေရိကန် ​စီးပွားရေး ​ဆုတ်ယုတ်တာ ​မရှိပဲ ​တိုးတက်လာတယ်လို့လည်း ​သမ္မတ ​အိုဘားမားက ​ပြောပါတယ်။

အမေရိကန် ​နိုင်ငံသားတိုင်း ​တတ်နိုင်တဲ့ ​ပညာရေး ​စနစ်တွေ ​ရှိအောင် ​လုပ်ဆောင်ဖို့၊ ​လူမှု ​ထောက်ပံ့ရေး ​ဝန်ဆောင်မှုတွေ ​တိုးတက်အောင် ​လုပ်ဆောင်ဖို့လည်း ​မှာကြားခဲ့ပါတယ်။

ဒီနှစ်ဟာ ​အမေရိကန် ​သမ္မတ ​အိုးဘားမားအတွက် ​နောက်ဆုံးနှစ် ​သမ္မတ ​သက်တမ်းဖြစ်ပြီး ​မကြာခင်မှာ ​သမ္မတသစ်ကို ​ရွေးချယ်တင်မြောက်ကြဖို့ ​ရှိနေပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

ကန်အနေနဲ့ ကင်ဆာရောဂါ အမြစ်ပြတ် ကုသဖို့ အိုဘားမား မျှော်လင့်  ကန်အနေနဲ့ ကင်ဆာရောဂါ အမြစ်ပြတ် ကုသဖို့ အိုဘားမား မျှော်လင့် Reviewed by THITHTOOLWIN on 13:35 Rating: 5
Powered by Blogger.