မကွေးတိုင်းမှ ၁၃ နှစ်အရွယ် အမျိုးသမီးငယ်အား ခိုးယူပေါင်းသင်း ထွက်ပြေးသူအား တာချီလိတ်တွင် ဖမ်းမိ


 မကွေးတိုင်း ဒေသကြီးအတွင်း အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်အား ခိုးယူပေါင်းသင်း ခဲ့ပြီး ထွက်ပြေး တိမ်းရှောင်လာသူ တရားခံပြေး တစ်ဦးအား တာချီလိတ်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ လှည့်ကင်း ဆောင်ရွက်နေစဉ် ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။

“ဇန်နဝါရီလ ၁၉ ရက်က ဆန်ဆိုင်း (ခ) ရပ်ကွက်၊ ၅ လမ်းထဲမှာ တရားခံပြေး တစ်ယောက်ရှိတယ် ။ သတင်းကြားလို့ သွားဖမ်းတာပါ။ ကောင်မလေးကို အလိုမတူဘဲ နှစ်ရက်လောက် ခိုးယူပေါင်းသင်းလို့ မကွေးတိုင်းမှာ အမှုဖွင့်ထားတဲ့ တရားခံပြေး တစ်ယောက်ပါ” ဟု တာချီလိတ်မြို့မ စခန်းမှ ဒုရဲမှူး ကျော်သန်းက
ဆိုသည်။

အမှုဖွင့်ခံထားရသည့် အသက် ၂၃ နှစ်အရွယ် လင်းလင်းကို (ခ) မှဲ့ကြီးသည် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် မန်ကျည်းကုန်းကြီး ကျေးရွာမှ အသက် ၁၃နှစ် အရွယ် မိန်းကလေးတစ်ဦးအား လွန်ခဲ့သည့် နှစ်လခန့်က သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ပြီး နှစ်ရက်ခန့် ခိုးယူပေါင်းသင်းခဲ့ကာ ထွက်ပြေး တိမ်းရှောင်လာ
ခြင်းဖြစ်ကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှ သိရသည်။

“ဒီလို သက်ငယ်မုဒိမ်းကျင့်တဲ့ သူကတော့ ပြစ်ဒဏ်က အနည်းဆုံး ဆယ်နှစ်အထက်ပဲ။ သားသမီးချင်း ကိုယ်ချင်းစာပြီး လုံးဝမလုပ်သင့်တဲ့ ပြစ်မှုမျိုး။ ကလေးမလေးက တစ်သက်လုံး စိတ်ဓာတ်အနာတရ ဖြစ်သွားနိုင်တယ်” ဟု ဥပဒေ အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထွက်ပြေး တိမ်းရှောင်လာသော တရားခံပြေးအား နယ်ထိန်း တပ်ဖွဲ့ခေါင်းဆောင် ဒုရဲအုပ်မြင့်ထွေး၊ နယ်ထိန်း မှတ်တမ်းထိန်း ရဲတပ်ကြပ်ကြီး စိုးမင်းမင်းနှင့် တပ်ဖွဲ့ဝင်များသည် နယ်မြေခံ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များနှင့် သွားရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသော လင်းလင်းကို (ခ) မှဲ့ကြီးအား မကွေးမြို့သစ် မြို့မရဲစခန်းက (ပ)၁၇၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၆၃/၃၇၆ ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ထားပြီး တာချီလိတ်မှ မကွေးရဲစခန်းသို့ လွှဲပြောင်းနိုင်ရန် ဆောင်ရွက် ထားကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှ သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
မကွေးတိုင်းမှ ၁၃ နှစ်အရွယ် အမျိုးသမီးငယ်အား ခိုးယူပေါင်းသင်း ထွက်ပြေးသူအား တာချီလိတ်တွင် ဖမ်းမိ  မကွေးတိုင်းမှ ၁၃ နှစ်အရွယ် အမျိုးသမီးငယ်အား ခိုးယူပေါင်းသင်း ထွက်ပြေးသူအား တာချီလိတ်တွင် ဖမ်းမိ Reviewed by THITHTOOLWIN on 22:08 Rating: 5
Powered by Blogger.