ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး နှစ်ဆတိုးနိုင်

(Credit: ABC) 
ထိုင်း-မြန်မာ ​နယ်စပ်ကုန်သွယ်ရေးက ​လာမယ့် ​နှစ်နှစ်အတွင်းမှာ ​နှစ်ဆတိုးလာနိုင်တယ်လို့ ​Joint ​Trade ​Commission ​JTC ​က ​ပြောပါတယ်။

နှစ်နိုင်ငံ ​ကုန်သွယ်ရေး ​တန်ဖိုးက ​ထိုင်းဘတ် ​၃၅၀ ​ဘီလီယံကနေ ​၄၂၀ ​ဘီလီယံလောက် ​ရှိမယ်လို့ ​ခန့်မှန်းထားပါတယ်။

နှစ်နိုင်ငံ ​ကုန်သွယ်ရေးကော်မရှင်ရဲ့ ​၇ ​ကြိမ်မြောက် ​အစည်းအဝေးကိုလည်း ​ဇန်နဝါရီလ ​၁၄နဲ့ ​၁၅ ​ရက်နေ့ကျရင် ​နေပြည်တော်မှာ ​ကျင်းပဖို့ရှိပြီး ​ကုန်သွယ်ရေး ​တိုးမြင့်ဖို့ကို ​အဓိက ​ဆွေးနွေးကြမယ်လို့ ​ထိုင်းကုန်သွယ်ရေးအရာရှိကပြောကြောင်း ​The ​Nation ​သတင်းမှာ ​ဖော်ပြထားပါတယ်။

နှစ်နိုင်ငံ ​ကုန်သွယ်ရေးဝန်ကြီးတွေအကြား ​ဘဏ်လုပ်ငန်း၊ ​ငွေလဲလှယ်ရေးလုပ်ငန်းမှာ ​ပူးပေါင်းလုပ်ကိုင်ဖို့ ​ဆွေးနွေးကြမယ်လို့လည်း ​ဆိုပါတယ်။

ကုန်သွယ်ရေး ​စည်းမျဉ်းစည်းကမ်းတွေ ​ဖလှယ်ကြမှာ ​ဖြစ်သလို ​နယ်စပ်ဂိတ် ​စစ်ဆေးရေးတွေမှာ ​တိုးတက်မှုရှိအောင် ​ဘယ်လို ​လုပ်ဆောင်ကြမလဲ ​ဆိုတာကိုပါ ​ဆွေးနွေးဖို့ ​ရှိပါတယ်။

ဒါ့အပြင် ​ထိုင်း-မြန်မာ ​စီးပွားရေကောင်စီ ​ကိုလည်း ​တည်ထောင်ဖို့ ​ရှိနေပါတယ်။

ထိုင်းနိုင်ငံအတွက် ​မြန်မာနိုင်ငံဟာ ​အာဆီယံနိုင်ငံထဲမှာ ​နံပါတ် ​၆ ​မြောက် ​ကုန်သွယ်မှု ​အများဆုံးနိုင်ငံဖြစ်ပြီး ​ကမ္ဘာမှာတော့ ​မြန်မာဟာ ​ထိုင်းနိုင်ငံရဲ့ ​သတ္တမမြောက် ​ကုန်သွယ်မှု ​အများဆုံး ​နိုင်ငံ ​ဖြစ်တယ်လို့လည်း ​ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ​၅ ​နှစ်အတွင်း ​မြန်မာနဲ့ ​ထိုင်းနိုင်ငံအကြား ​ကုန်သွယ်မှုက ​အမေရိကန် ​ဒေါ်လာ ​၆.၈ ​ဘီလီယံ ​ရှိတယ်လို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး နှစ်ဆတိုးနိုင်  ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး နှစ်ဆတိုးနိုင် Reviewed by THITHTOOLWIN on 13:25 Rating: 5
Powered by Blogger.