ကိုလုံးမြို့တော် ရဲမင်းကြီး အထုတ်ခံရ


 ဂျာမနီ နိုင်ငံ ကိုလုံးမြို့တော် ရဲ့ ရဲတပ်ဖွဲ့ အကြီးအကဲ ဗော်လ်ဂင် အဲလ်ဘားစ် ရာထူး ကနေ အဖယ်ရှား ခံလိုက် ရပါတယ်။

ပြီးခဲ့တဲ့ နှစ်သစ် ကူး ကာလမှာ မြို့တော် တခွင် ဖြစ်ပေါ် ခဲ့တဲ့ လုယက်မှု၊ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့်မှု တွေ အပါအဝင် တခြား အကြမ်းဖက် ဖြစ်ရပ် တွေ အပေါ် ရဲ တပ်ဖွဲ့ရဲ့ ကိုင်တွယ် ခဲ့ပုံ တွေ နဲ့ ပတ်သက်ပြီး ဝေဖန်သံ တွေ ထွက်ပေါ် ခဲ့ပြီးတဲ့ နောက် အခုလို ဗော်လ်ဂင် အဲလ်ဘားစ် ရာထူးက အထုတ် ခံလိုက်ရတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့အပေါ် အများပြည်သူရဲ့ ယုံကြည် ကိုးစားမှု ပြန်လည် ရရှိအောင် အခုလို ဆုံးဖြတ် ရတာ ဖြစ်တယ်လို့ ဂျာမနီနိုင်ငံရဲ့ မြောက်ပိုင်း Rhine-Westphalia ဒေသ ရဲ့ ပြည်ထဲရေး ဝန်ကြီးက ဆိုပါတယ်။

နှစ်သစ်ကူး ပွဲတွေတုန်းက မှုခင်းတွေ ကျူးလွန်ကြသူ အများအပြားဟာ မြောက်အာဖရိက ဒါမှမဟုတ် အာရပ် နွယ်ဖွားတွေ ဖြစ်တယ် ဆိုတဲ့ ပြောဆိုမှုတွေ နဲ့ အတူ ဂျာမနီ နိုင်ငံထဲ ဒုက္ခသည်တွေ ကို လွတ်လွတ်လပ်လပ် ၀င်ရောက်ခွင့် ပေးနေတဲ့ မူဝါဒ အပေါ် မှာပါ အပြင်းအထန် ဆွေးနွေး ငြင်းခုံစရာ ဖြစ်လာစေပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ကိုလုံးမြို့တော် ရဲမင်းကြီး အထုတ်ခံရ   ကိုလုံးမြို့တော် ရဲမင်းကြီး အထုတ်ခံရ Reviewed by THITHTOOLWIN on 05:41 Rating: 5
Powered by Blogger.