ကျွန်းလှမြို့နယ် အင်တိုင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ကျောင်းသားကျောင်းသူ(၁၄)ဦး အစာ အဆိပ်သင့်မှုဖြစ်ပွား


ကျွန်းလှ ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကျွန်းလှမြို့နယ် အင်တိုင်းကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းခွဲရှိ စတုတ္ထတန်း ကျောင်းသားကျောင်းသူ၁၄ဦး ဇန်နဝါရီ၂၅ရက်နေ့ မွန်းတည့် ၁၂ နာရီက အစာအဆိပ်သင့်မှု ဖြစ်ပွား ကြောင်းသိရသည်။
"သမီးတို့ကျောင်းရောက်တော့ သောက်ရေအိုးကို ဆေးပြီးရေဖြည့်ပါတယ်။ ကျောင်းသား၇ဦး ကျောင်း သူ ၇ ဦးတို့က ဆနွမ်းမကင်းစားပြီး ရေသောက် ချိန်တွင် ၄/၅/၆ခါလောက် မူးပြီးပျို့လာကြ ခြင်းကြောင့် မူလတန်း ဆရာမ ဒေါ်ဝါဝါထွန်းထံသို့ အကြောင်းကြားပါတယ်ဟု" ကျောင်းသူမမေသော်တာက ပြောကြားသည်။

ထိုသို့ ကျောင်းသားကျောင်းသူများ မူးပြီးပျို့နေကြကြောင်း ဆရာမမှ ကျောင်းအုပ်ကြီးထံ ထပ်ဆင့် အကြောင်း ကြားရာ ကျောင်းအုပ်ကြီးက ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းသားမိဘများထံ အကြောင်း ကြားပြီးညောင် ကိုင်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးကြကြောင်းသိရသည်။
ညောင်ကိုင်း တိုက်နယ်ဆေးရုံသို့ နေ့လည်၁နာရီတွင် ရောက်ရှိကြောင်း/ အစာအဆိပ်သင့်တာ ဖြစ်ကြောင်း ကလေး ၁၄ ဦးလုံးစိုးရိမ်စရာမရှိကြောင်းဒေါက်တာပြည့်ဖြိုးအောင်ကပြောကြားသည်။
အဆိုပါကလေးများအား ဆေးဝါးကုသပေးနေခြင်းကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသောင်း ဟိန်း၊ မြို့နယ် ပညာရေးမှူး ဦးအောင်ရီနှင့်တာဝန်ရှိ သူတို့က ကြည့်ရှုကြပြီး ကျောင်းသားမိဘများကိုအား ပေးစကား ပြောကြားကာ အလှူငွေများလှူဒါန်းခဲ့ကြောင်းသိရသည်။

(မြို့နယ်ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကျွန်းလှမြို့နယ် အင်တိုင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ကျောင်းသားကျောင်းသူ(၁၄)ဦး အစာ အဆိပ်သင့်မှုဖြစ်ပွား  ကျွန်းလှမြို့နယ် အင်တိုင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ကျောင်းသားကျောင်းသူ(၁၄)ဦး အစာ အဆိပ်သင့်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:44 Rating: 5
Powered by Blogger.