အမျိုးသမီးတစ်ဦးကို မြေအောက်ခန်းအတွင်း ဖမ်းဆီးထားပြီး အဓမ္မပြုကျင့်ခဲ့သည့် ဆွီဒင်ဆရာဝန်ကို ဖမ်းဆီး


လန်ဒန် ၊ ၁၈-၁-၂ဝ၁၆

ဆွီဒင်အစိုးရသည် မြေအောက်ခန်း တစ်ခု၌ အမျိုးသမီးတစ်ဦးအား ရက်သတ္တပတ် နီးပါးကြာ ပြန်ပေးဆွဲ ဖမ်းဆီးထားပြီး အဓမ္မပြုကျင့် ခဲ့သည့် ဆရာဝန်တစ်ဦးကို ဖမ်းဆီး၍ တရားစွဲဆို ခဲ့ကြောင်း သိရသည်။

အသက် ၃ဝ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသမီးကို Rohypnol အမျိုးအစား စိတ်ငြိမ်ဆေးကို စတော်ဘယ်ရီဖြင့် ရောစပ်ကာ မေ့ဆေးပေး ပြီးနောက် စတော့ဟုမ်းမြို့ရှိ နေအိမ်မှ ပြန်ပေးဆွဲ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၄င်းကို မိုင် ၃၅ဝ နီးပါးမောင်းနှင် ခေါ်ဆောင်ကာ ကရစ်စတိမ်း စတတ်မြို့ရှိ မြေအောက် ခန်း၌ ခြောက်ရက်ကြာ ဖမ်းဆီး ထားကြောင်း သိရသည်။

၎င်းဆရာဝန်သည် ခရီးသွားစဉ် အတွင်း ရုပ်ဖျက်ရန်အတွက် ရော်ဘာ မျက်နှာဖုံးနှစ်ခု ကို အသုံးပြုခဲ့ကြောင်း၊ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က ၄င်းတို့ကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၄င်းသည် အဆိုပါ အမျိုးသမီးကို မြေအောက်ခန်း၌ ခြောက်ရက်ကြာ ဖမ်းဆီးရန် အတွက် ရည်ရွယ်ထားပြီး ယင်း မြေအောက်ခန်းကို လွန်ခဲ့သော ငါးနှစ်ကျော်ခန့်က ဆောက်လုပ် ထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

PyiChitThar
http://www.pyichitthar.com
အမျိုးသမီးတစ်ဦးကို မြေအောက်ခန်းအတွင်း ဖမ်းဆီးထားပြီး အဓမ္မပြုကျင့်ခဲ့သည့် ဆွီဒင်ဆရာဝန်ကို ဖမ်းဆီး  အမျိုးသမီးတစ်ဦးကို မြေအောက်ခန်းအတွင်း ဖမ်းဆီးထားပြီး အဓမ္မပြုကျင့်ခဲ့သည့် ဆွီဒင်ဆရာဝန်ကို ဖမ်းဆီး Reviewed by THITHTOOLWIN on 16:45 Rating: 5
Powered by Blogger.