အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မူဝါဒနှင့် အသွင် ကူးပြောင်းရေး ကိစ္စများကို ဒေါ်အောင်ဆန်းစုကြည်မှ တပါး အခြား ပြောရေး ဆိုခွင့်မရှိဟု ထုတ်ပြန်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အားတွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

    အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မူဝါဒနှင့် အသွင်ကူးပြောင်းရေး ကိစ္စများကို အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ တပါး အခြား ပုဂ္ဂိုလ်များအနေဖြင့် ပြောရေး ဆိုခွင့်မရှိဟု ယနေ့ ဇန်နဝါရီလ ၂၂ ရက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန် ကြေညာလိုက်သည်။

အဆိုပါ အဖွဲ့ချုပ်သည် လက်ရှိ အခြေအနေတွင် သိမ်သိမ်မွေ့မွေ့ဖြင့် လုပ်ကိုင် ဆောင်ရွက်နေသည့် အချိန်ကာလဖြစ်သဖြင့် မူဝါဒနှင့် အသွင်ကူးပြောင်းရေး ကိစ္စများကို အခြား ပုဂ္ဂိုလ်များအနေဖြင့် ပြောရေး ဆိုခွင့်မရှိဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ နေရာအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဝင်းမြင့်နှင့်  အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ နေရာအတွက် ကရင်တိုင်းရင်းသား မန်းဝင်းခိုင်သန်း ကို လျာထားကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ယခု ထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မူဝါဒနှင့် အသွင် ကူးပြောင်းရေး ကိစ္စများကို ဒေါ်အောင်ဆန်းစုကြည်မှ တပါး အခြား ပြောရေး ဆိုခွင့်မရှိဟု ထုတ်ပြန်  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မူဝါဒနှင့် အသွင် ကူးပြောင်းရေး ကိစ္စများကို ဒေါ်အောင်ဆန်းစုကြည်မှ တပါး အခြား ပြောရေး ဆိုခွင့်မရှိဟု ထုတ်ပြန် Reviewed by THITHTOOLWIN on 18:24 Rating: 5
Powered by Blogger.