ညောင်တုန်းကမ်းပါ ပြိုကျမှု ဖြစ်ပွား


  ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်း မြို့တွင် မြို့ပတ် ရေကာတာ ထိန်းသိမ်းရေး လုပ်ငန်း ဆောင်ရွက် နေစဉ် ဇန်န၀ါရီလ (၂)ရက်နေ့ ညနေ ၄ နာရီ ၄၅အချိန်က အက်ကွဲ နိမ့်ကျမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။


အဆိုပါ ကမ်းအက်ကွဲ အိကျမှုသည် အမှတ်(၄)ရပ်ကွက်(၉)လမ်းနှင့် (၁၀)လမ်းကြား မြစ်ကမ်းထိန်းသိမ်းရေးတာအား ဆည်မြောင်း ဦးစီးဌာန တည်ဆောက်ရေး အထူးအဖွဲ့(၉)မှ တာပြု ပြင်မြှင့်တင်ခြင်း၊ ကွန်ကရစ်လောင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ် ပတ်ဝန်းကျင်ရှိ မြေသားများ အပ်ကွဲလာသဖြင့် လုပ်ငန်းရပ်ဆိုင်းလိုက်စဉ် (၉)လမ်းနှင့် (၁၁)လမ်းကြား RT-3760နှင့် RT-4060ကြား မြစ်ကမ်းထိန်း တာ၏ဘေးကပ်လျှက်ကမ်းအိကမ်းလျှောမှု ဖြစ်ပွားပြီး ၄င်းမြေသား ပျှမ်းမျှ(၁၅)ပေခန့် နိမ့်ကျ၍ မြို့ပတ်တာပါ လိုက်ပါ နိမ့်ကျသွားခဲ့ပြီး ဆောင်ရွက်ဆဲ အုပ်စီတာမြှင့်ခြင်း အုတ်ရိုးပေ(၂၀၀)ခန့်ကျိုးပဲ့ ပျက်စီးသွားခဲ့သည်။

ထွန်းကျော်(ညောင်တုန်း)

ညောင်တုန်းကမ်းပါ ပြိုကျမှု ဖြစ်ပွား  ညောင်တုန်းကမ်းပါ ပြိုကျမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 08:40 Rating: 5
Powered by Blogger.