မြရည်နန္ဒာရပ်ကွက်တွင် အမျိုးသားတစ်ဦးကြိုးဆွဲချသေ


မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင် ယခုလ ၂ဝရက် မွန်းလွဲ ၂နာရီခွဲက အမျိုး သား တစ်ဦးကြိုးဆွဲချ သေဆုံးနေကြောင်း သတင်းအရ အောင်ပင်လယ် နယ်မြေ ရဲစခန်းမှူး ရဲအုပ်ခင်ဇော်နှင့်အဖွဲ့သည် သက်သေများနှင့် အတူသွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ၄င်းရပ်ကွက်နေသူရထွန်း (၂၄နှစ်)ဖြစ်ပြီး နေအိမ်ထုပ်တန်းတွင် ပုဆိုးကွင်းသိုင်းပြုလုပ်၍ ပြင်ပ ဒဏ်ရာတစ်စုံတစ်ရာမရှိဘဲကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရသည်။

၎င်းသည် မိခင်မုဆိုးမနှင့်အတူ နေထိုင်ကာ နေ့စဉ်အရက်သေစာ သောက်စားသူဖြစ်ကြောင်း၊ အခင်းမဖြစ်မီ မိခင်ထံအရက်ဖိုးတောင်း ၍မိခင်ဖြစ်သူကအပြင်သို့ ခဏထွက်သွားပြီးပြန်လာစဉ် သူရထွန်းမှာ ကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရ၍ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင် ပြီး အောင်ပင်လယ်နယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၁/၂ဝ၁၆)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

The Union Daily
http://uniondaily.net
မြရည်နန္ဒာရပ်ကွက်တွင် အမျိုးသားတစ်ဦးကြိုးဆွဲချသေ  မြရည်နန္ဒာရပ်ကွက်တွင် အမျိုးသားတစ်ဦးကြိုးဆွဲချသေ Reviewed by THITHTOOLWIN on 18:25 Rating: 5
Powered by Blogger.