အချိန်အခါရာသီမဟုတ် မိုးသီးများ များစွာရွာသွန်းချ


လောက်ကိုင် ဇန်နဝါရီ

လောက်ကိုင်ခရိုင် လောက်ကိုင်မြို့နယ်တွင် ဇန်နဝါရီ ၄ ရက် ညနေ ၅ နာရီ ၄၅ မိနစ်မှညနေ ၆ နာရီခွဲအထိတွင် အချိန်အခါရာသီမဟုတ် မိုးသီးများ ထူးဆန်းစွာ ရွာသွန်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြည်သူများခရီးသွားလာနေချိန် ညနေပိုင်းမှစပြီးလေများတိုက်ခတ် ကာ နောက်တွင် မိုးများအကြီးအကျယ်ရွာသွန်းခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် မိုးရွာသွန်းချခြင်းမဟုတ်ဘဲ မိုးသီးများ များပြားစွာ ရွာသွန်းချကာ ညနေပိုင်း ၆ နာရီခွဲအချိန်ထိ ၁ နာရီ နီးပါးရွာသွန်းခဲ့သည်။

မိုးသီးများ ရွာသွန်းမှုမှာ ချိုင့်ခွက်ရှိသော နေရာများနှင့် အဆောက်အအုံဝရန်တာမြောင်းများနေရာတွင် မိုးသီးများအထူ ၂ လက်မခန့်ရှိပြီး မြေကြီးပေါ်သို့ လက်မဝက်ခန့်အထူရှိအောင် ရွာသွန်းခဲ့သည်။ မိုး၊ မိုးသီးများနှင့် လေများ ရွာသွန်းတိုက်ခိုက်သောကြောင့် အဆောက်အအုံများ၊ လျှပ်စစ်မီးများ၊ လမ်းတံတားများ ပျက်စီးဆုံးရှုံးမှု မရှိကြောင်း နှင့်ခရီးသွားလာပြည်သူများ အန္တရယ်ထိခိုက်မှုမရှိကြောင်း သိရသည်။

ဘဦး(ပြန်ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အချိန်အခါရာသီမဟုတ် မိုးသီးများ များစွာရွာသွန်းချ  အချိန်အခါရာသီမဟုတ် မိုးသီးများ များစွာရွာသွန်းချ Reviewed by THITHTOOLWIN on 17:21 Rating: 5
Powered by Blogger.