မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက်၊ ဝိသုတာရုံ ဓမ္မဗိမာန်ကျောင်း တိုက် တွင် မြေပြိုမှုဖြစ်ပွား


ရန်ကုန်၊ ဇန်နဝါရီ ၂၄

ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်(၉)နာရီ (၄၅)မိနစ်အချိန်တွင် မရမ်းကုန်းမြို့ နယ်၊ (၅)ရပ်ကွက်၊ ဗိုလ်ဗထူးလမ်း၊ ဝိသုတာရုံ ဓမ္မဗိမာန်ကျောင်း တိုက် နောက်ကျောဘက် အမြင့်(၁၂)ပေခန့်ရှိ ကုန်းမြင့် နံရံကို ကျောက်စီမြေ ထိန်းနံရံ ပြုလုပ်ရန်အတွက် မြေညှိခြင်း၊ ဖောင်ဒေးရှင်းတူးခြင်း လုပ်ငန်း ဆောင်ရွက်နေ စဉ် ကုန်းမြင့်နံရံ ပြိုကျခဲ့ကြောင်း သိရသည်။

အဆိုပါ ကုန်းမြင့်နံရံ ပြိုကျမှုကြောင့် လုပ်ငန်းတာဝန်ယူ လုပ်ကိုင် သည့် မြောက် ဥက္ကလာပ မြို့နယ် “မဟာမင်း မြေကြီးလုပ်ငန်း”မှ လုပ်သား(၈) ဦး အနက် (၃)ဦးမှာ ပြိုကျမြေကြီးပိ သေဆုံးခဲ့ကြောင်း သိရ သည်။

အဆိုပါ သေဆုံးရုပ်အလောင်းများကို လူအင်အားများဖြင့် ဆယ်ယူ ခဲ့ပြီး မြောက် ဥက္ကလာပ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

မရမ်းကုန်း (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက်၊ ဝိသုတာရုံ ဓမ္မဗိမာန်ကျောင်း တိုက် တွင် မြေပြိုမှုဖြစ်ပွား  မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက်၊ ဝိသုတာရုံ ဓမ္မဗိမာန်ကျောင်း တိုက် တွင် မြေပြိုမှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:58 Rating: 5
Powered by Blogger.