တောင်ငူမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်မှုဖြစ်ပွား


တောင်ငူ ဇန်နဝါရီ ၂၅

တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ဇန်န၀ါရီလ ၂၅ ရက် ညနေ ၅ နာခွဲအချိန် ခန့်က လေပြင်းများ တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ မိုးရေချိန် မှာ (၀.၃၉) လက်မရှိပြီး ညနေ ၅ နာရီ ၃၅ မိနစ် အချိန်ခန့်တွင် အမြင့် ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၂၅ မိုင်နှုန်းဖြင့် ၁ မိနစ်ကြား တိုက်ခတ်ခဲ့ သည်။

အဆိုပါ လေပြင်းများ တိုက်ခတ်မှုကြောင့် တောင်ငူမြို့တွင်းရှိ ဓာတ်တိုင်အချို့ လဲကျကာ၊ သစ်ပင် အချို့ကျိုးကျပျက်စီးပြီး ရန်ကုန်-မန္တလေးပုံမှန် လမ်းပေါ်ရှိ မြေစိုက်ပိုစတာအချို့ ပျက်စီးခဲ့သော်လည်း လူနှင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှုမရှိခဲ့ကြောင်း သတင်းရရှိသည်။

တောင်ငူ(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
တောင်ငူမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်မှုဖြစ်ပွား  တောင်ငူမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:23 Rating: 5
Powered by Blogger.