ဧရာဟိုတယ် ဆန္ဒပြ၀န်ထမ်းများ အလုပ်ရှင်နဲ့ ပြေလည်မှုရရှိ

ပုဂံမြို့ဟောင်းက ဧရာဟိုတယ်ကို တွေ့ရစဉ်
ပုဂံမြို့ဟောင်းက ဧရာဟိုတယ်မှာ အစိုးရက သတ်မှတ်ထားတဲ့ တစ်နေ့ အနိမ့်ဆုံး လုပ်ခ ၃၆၀၀ ကျပ်မရတဲ့အတွက် လုပ်ငန်းခွင်မ၀င်ဘဲ ဟိုတယ်ရှေ့မှာ ဆန္ဒပြနေတဲ့ ၀န်ထမ်း ၁၀၀ လောက်ဟာ အလုပ်ရှင်နဲ့ ညှိနှိုင်းမှု ပြေလည်သွား ခဲ့ပါတယ်။

အစိုးရက တရားဝင်သတ်မှတ်ပေးထားတဲ့ အနည်းဆုံးလုပ်ခလစာ ကျပ် ၃၆၀၀ ပေးဖို့အပါအ၀င် တောင်းဆိုချက် အတော်များများ ရရှိတဲ့အတွက် လုပ်ငန်းခွင်ပြန်ဝင်ကြမှာဖြစ်တယ်လို့ ဟိုတယ်ဝန်ထမ်း ကိုထွန်းထွန်းနိုင်က ပြော ပါတယ်။

"နိုင်ငံတော်က သတ်မှတ်ထားတယ်လေ အခြေခံလစာကို သူတို့က ကျနော်တို့ကို မပေးဘူးခင်ဗျ၊ ဇန်နဝါရီ ၃ ရက်နေ့က ကျနော်တို့လိုချင်တဲ့ ၁၂ ချက်ကို သူတို့ကိုစာတင်ပြီးတော့ တောင်းဆိုတယ်၊  သူတို့ဘက်ကနေ မလာရောက်တော့ ဇန်နဝါရီ ၉ ရက်နေ့မှာတခါ ညှိနှိုင်းဆွေးနွေးပေးဖို့အတွက် တောင်းဆိုတယ်၊ သူတို့ဘက်က လုပ်မပေးလို့ ခုလိုမျိုးပြန်ပြီးတော့ ညှိနှိုင်းဆွေးနွေးဖို့အတွက် ဒီလိုလေးလုပ်တာပါ"

ဧရာဟိုတယ် ၀န်ထမ်းတွေဟာ လုပ်သက်အလိုက် ကျွမ်းကျင်မှုအလိုက် လစာတိုးမြှင့်ပေးဖို့၊ အစိုးရရုံးပိတ်ရက်တွေကို ခံစားခွင့်ပေးဖို့၊ လစာငွေဖြတ်တောက်တာ၊ အလုပ်ထုတ်တာတွေကို မညှိနှိုင်းဘဲ မလုပ်ဖို့ စတာတွေကို တောင်းဆို ကြတာဖြစ်ပါတယ်။

အဲဒီဝန်ထမ်းတွေဟာ အရင်က အခြေခံလစာအဖြစ် တစ်လ ကျပ် ၈သောင်း ရရှိခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်အထိ အဲ့ဒီလစာပဲ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဧရာဟိုတယ် ဆန္ဒပြ၀န်ထမ်းများ အလုပ်ရှင်နဲ့ ပြေလည်မှုရရှိ  ဧရာဟိုတယ် ဆန္ဒပြ၀န်ထမ်းများ အလုပ်ရှင်နဲ့ ပြေလည်မှုရရှိ Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.