ဗုံးခြိမ်းခြောက်မှုကြောင့် ကန်နိုင်ငံက ကျောင်း ၁၂ ကျောင်းကျော် ပိတ်ခဲ့ရ

နယူးဂျာဆီ ပြည်နယ်က စာသင်ကျောင်းတခုမှာ ခြိမ်းခြောက်မှုကြောင့် ကျောင်းသားတွေကို ရွှေ့ပြောင်းခိုင်းစဉ် (Credit: ABC licensed)
အမေရိကန်နိုင်ငံ ​အရှေ့မြောက်ပိုင်းက ​စာသင်ကျောင်းတွေမှာ ​ဗုံးတွေ ​ရှိတယ်ဆိုတဲ့ ​ဖုန်းခေါ်ဆိုမှုတွေကြောင့် ​ကျောင်းပေါင်း ​တစ်ဒါဇင်ကျော်ကို ​ပိတ်ချခဲ့ရပါတယ်။

နယူးဂျာဆီ ​ပြည်နယ်က ​အနည်းဆုံး ​ကျောင်း ​၉ ​ကျောင်းလောက် ​ခြိမ်းခြောက်မှုတွေ ​ရရှိခဲ့လို့ ​ရဲတွေက ​ဝင်ရောက်စစ်ဆေးခဲ့ရပါတယ်။

ကျောင်း ​၄ ​ကျောင်းမှာတော့ ​ဘာဗုံးမှ ​မရှိဘူးလို့ ​ရဲတွေက ​ပြောပြီး ​ကျန် ​၅ ​ကျောင်းလောက်မှာ ​ရှာဖွေ ​စစ်ဆေးမှုတွေ ​ပြုလုပ်နေဆဲ ​ဖြစ်ပါတယ်။

ဖုန်းခေါ်ဆိုမှု ​အသံတွေဟာ ​တစ်ခုနဲ့တစ်ခု ​ဆင်တူနေတဲ့အတွက် ​အသံသွင်းပြီး ​ခြိမ်းခြောက်မှု ​လုပ်တာ ​ဖြစ်မယ်လို့ ​ယူဆနေကြပါတယ်။

Massachusetts ​ပြည်နယ်က ​Arlington ​ကျောင်းမှာလည်း ​ဗုံးဖောက်ခွဲမှုနဲ့ ​သေနတ် ​ပစ်ခတ်မှု ​ဖြစ်နိုင်တယ်လို့ ​ခြိမ်းခြောက်ခံရလို့ ​အင်္ဂါနေ့မှာ ​ကျောင်းပိတ်ချခဲ့ရပါတယ်။

တစ်ယောက်ယောက်က ​အပျော်သဘောနဲ့ ​နောက်နေတာလို့ ​ရဲတွေက ​ယူဆထားပေမယ့်လည်း ​ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ​ကျောင်းကို ​ပိတ်ချတာတွေ၊ ​ရှာဖွေမှုတွေ ​လုပ်ခဲ့တယ်လို့ ​ဆိုပါတယ်။

Delaware ​ပြည်နယ်က ​ကျောင်းသုံးကျောင်းမှာလည်း ​ခြိမ်းခြောက်မှုတွေ ​ရရှိခဲ့ပါတယ်။

အရင်တပတ် ​သောကြာနေ့တုန်းကလည်း ​ဘောစတွန်မြို့က ​ကျောင်း ​၉ ​ခုမှာ ​အလားတူ ​ခြိမ်းခြောက်မှုမျိုး ​ရရှိခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဗုံးခြိမ်းခြောက်မှုကြောင့် ကန်နိုင်ငံက ကျောင်း ၁၂ ကျောင်းကျော် ပိတ်ခဲ့ရ ဗုံးခြိမ်းခြောက်မှုကြောင့် ကန်နိုင်ငံက ကျောင်း ၁၂ ကျောင်းကျော် ပိတ်ခဲ့ရ Reviewed by THITHTOOLWIN on 15:34 Rating: 5
Powered by Blogger.