ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ပွဲရုံတံခါးအား သော့ဖွင့်စဉ် ရိုက်နှက် ငွေအိတ်လုယက်မှုဖြစ်ပွား


ရန်ကုန် ဇန်နဝါရီ ၂၅

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံဝင်း ရေကပါလမ်းသွယ်တွင် ဇန်နဝါရီ ၂ဝ ရက် နံနက် ၄ နာရီခန့်က ပွဲရုံလုပ်ငန်းရှင်တစ်ဦး မိမိပွဲရုံသို့ ဝင်ရန် သော့ဖွင့်ချိန် အမျိုးသားတစ်ဦးက ဦးခေါင်းကိုရိုက်နှက်ကာ ငွေကျပ် သိန်း ၁၇ဝ ထည့်ထားသော ကျောပိုးအိတ်ကို လုယက်မှု ဖြစ်ပွားခဲ့သည်။

ရေကပါလမ်းသွယ်ရှိ ကြက်သွန်နီ၊ အာလူးကုန်မျိုးစုံ ရောင်းဝယ်ရေးပွဲရုံ လုပ်ငန်းပိုင်ရှင် ဦးအောင်တင်သည် ယင်းနေ့ နံနက် ၄ နာရီခန့်တွင် မိမိနေအိမ်မှပွဲရုံသို့ မော်တော်ယာဉ်ဖြင့်ထွက်လာခဲ့သည်။ ပွဲရုံရှေ့ရောက်ရှိပြီး ငွေပါသော ဂျင်းကျောပိုးအိတ်ကိုလွယ်ကာ ပွဲရုံတံခါးသော့ဖွင့်ချိန် နောက်ကျောမှ အမျိုးသားတစ်ဦးက တုတ်ဖြင့်ရိုက်နှက်ခဲ့၍ မူးမေ့လဲကျခဲ့သည်။

သတိပြန်ရချိန်တွင် ငွေထည့်ထားသော ကျောပိုးအိတ်မှာ ပျောက်ဆုံးနေ ပြီး ဦးခေါင်းတွင် ဒဏ်ရာများရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်ကို ဘုရင့်နောင်နယ်မြေရဲစခန်းက အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(မောင်စေအောင်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ပွဲရုံတံခါးအား သော့ဖွင့်စဉ် ရိုက်နှက် ငွေအိတ်လုယက်မှုဖြစ်ပွား  ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ပွဲရုံတံခါးအား သော့ဖွင့်စဉ် ရိုက်နှက် ငွေအိတ်လုယက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 09:09 Rating: 5
Powered by Blogger.