အမေရိကန် ကျောင်းသားကို မြောက်ကိုရီးယား ဖမ်းဆီး

မစ္စတာ ဝမ်ဘီယာဟာ ဗာဂျီးနီးယား တက္ကသိုလ်က စီးပွားရေး ကျောင်းသား ဖြစ်တယ်လို့ ဆို။
မြောက်ကိုရီးယား နိုင်ငံ အပေါ် ရန်လိုတဲ့ အပြုအမူ ပြုလုပ်တယ် ဆိုတဲ့ အမေရိကန် ကျောင်းသား တစ်ယောက်ကို မြောက်ကိုရီးယားက ဖမ်းဆီး လိုက်ပါတယ်။

အလည်အပတ် ခရီးစဉ် တစ်ခုနဲ့ ရောက်လာတဲ့ အဲဒီ ကျောင်းသားဟာ Otto Frederick Warmbier ဆိုသူ ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက ပြောပါတယ်။

KCNA သတင်းဌာနက ပြောဆိုရာမှာ သူဟာ အမေရိကန် အစိုးရရဲ့ အလိုအတိုင်း မြောက်ကိုရီးယားရဲ့ စည်းလုံးမှုကို ဖြိုခွဲ့ဖို့ အကြံနဲ့ နိုင်ငံထဲကို ကမ္ဘာလှည့် ခရီးသည်အဖြစ် ဝင်လာတာလို့ ဆိုပါတယ်။

မစ္စတာ Warmbier ပြန်လည် လွတ်မြောက် လာဖို့အတွက် အမေရိကန် အစိုးရ ကိုယ်စား ဆွီဒင် သံရုံးက ဆောင်ရွက် ပေးနေတယ်လို့ သူ့ ခရီးစဉ်အဖွဲ့ ဖြစ်တဲ့ Young Pioneers က ပြောပါတယ်။

ဗာဂျီးနီးယား တက္ကသိုလ် ကျောင်းသား တစ်ယောက် ဖြစ်တဲ့ မစ္စတာ Warmbier ဟာ မြောက်ကိုရီးယားမှာ အဖမ်း ခံရတဲ့ ၃ ယောက်မြောက် အနောက်နိုင်ငံသား ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ သူ့ရဲ့ ရန်သူ နိုင်ငံတွေကို ဖိအားပေးတဲ့ အနေနဲ့ အခုလို နိုင်ငံခြားသား တွေကို ဖမ်းဆီး ထိန်းသိမ်းလေ့ ရှိပါတယ်။

BBC Burmese
http://www.bbc.com/burmese
အမေရိကန် ကျောင်းသားကို မြောက်ကိုရီးယား ဖမ်းဆီး အမေရိကန် ကျောင်းသားကို မြောက်ကိုရီးယား ဖမ်းဆီး Reviewed by THITHTOOLWIN on 21:24 Rating: 5
Powered by Blogger.