မင်္ဂလာဈေး မီးလောင်မှုကြောင့် တော်ဝင်ပလာဇာရှိဆိုင်ခန်းများ ငှားရမ်းခ ၅ ဆ မြင့်တက်မည်


မင်္ဂလာဈေးမီးလောင်မှုကြောင့် တော်ဝင်ပလာဇာရှိဆိုင်ခန်းများ ငှားရမ်းဈေးနှုန်းသည် လက်ရှိဈေးနှုန်းထက် ငါးဆခန့် မြင့်တက်မည် ဖြစ်ကြောင်း လက်ရှိတော်ဝင်ပလာဇာတွင် ဆိုင်ခန်းငှားရမ်းထားသူများထံမှ သိရသည်။

`မင်္ဂလာဈေးမီးလောင်ပြီးတော့ နောက်နေ့ မနက်ပေါ့၊ ၉ ရက်က တော်ဝင်ပလာဇာမှာ စာကပ်ထားတာကို တွေ့ရတယ်။ အစ်ကို ကျွန်မတို့ငှားထားတာ သုံးနှစ်ရှိပါပြီ။ ခုနစ်ပေ ပတ်လည်ဆိုင်ခန်းတခန်းကို အရင်ကဆို သုံးသောင်း မီတာခက ၇၅၀၀ ပါ။

အဲဒါက တလတခါ ပုံမှန်သွင်းရတာပါ။ အဲဒါ မင်္ဂလာဈေးမီးလောင်တာကို အခွင့်ကောင်းယူပြီးတော့ အဲဒီနေ့ မနက်မှာပဲ သူစာကပ်ထားတာကို တွေ့ရပါတယ်။ စာကပ်ထားတာကတော့ ခုနစ်ပေပတ်လည်ဆိုင်ခန်းတခန်းကို ၂၀၁၆ ဖေဖော်ဝါရီ ၁ ရက်ကနေစပြီးတော့ တသိန်းခွဲကောက်ခံမယ်။ မီတာခကိုတော့ ၅၀၀၀ ကောက်ခံမယ်လို့ တွေ့ရပါတယ်။

အရင်တုန်းက တလ တခါ ဆိုင်ခန်းကပေးရတာပါ။ အခုက သုံးလတခါလို့ စာကပ်ထားတာပါ။ ကျွန်မက သုံးခန်းငှားထားတာပါ။ တလကို တသိန်းခွဲဆိုရင် သုံးလကို လေးသိန်းခွဲပါ။ သုံးလစာဆိုရင် ၁၅ သိန်းဝန်းကျင်လောက်ကျသွားပါတယ်။ မီတာခနဲ့ပေါင်းပြီးတော့ ဘယ်သူမှ လဲမပေးနိုင်ကြဘူး။

တချို့တွေကလည်း ဘာမှမတတ်နိုင်ဘူးဆိုပြီး ထွက်သွားတဲ့သူလည်း ရှိပါတယ်။ တချို့ကကျတော့ စကားများကြပြီး သူကရဲတွေခေါ်ပြီး ခြိမ်းခြောက်နေတာလည်း ရှိပါတယ်။ အခု ကျွန်မတို့တွေ တော်တော် ဒုက္ခရောက်နေကြပါတယ်`ဟု တော်ဝင်ပလာဇာမှ ဆိုင်ခန်းငှားရမ်းထားသူတဦးက ပြောကြားခဲ့သည်။

အောင်သူ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မင်္ဂလာဈေး မီးလောင်မှုကြောင့် တော်ဝင်ပလာဇာရှိဆိုင်ခန်းများ ငှားရမ်းခ ၅ ဆ မြင့်တက်မည်  မင်္ဂလာဈေး မီးလောင်မှုကြောင့် တော်ဝင်ပလာဇာရှိဆိုင်ခန်းများ ငှားရမ်းခ ၅ ဆ မြင့်တက်မည် Reviewed by THITHTOOLWIN on 17:34 Rating: 5
Powered by Blogger.