မက္ကဆီကို ဗာရာခရုဇ်တွင် ကားတစ်စီးအရှိန်လွန်တိမ်းမှောက်၊ခရီးသည် ၂၀ သေဆုံး


ဗာရာခရုဇ်(မက္ကဆီကို) ဇန်နဝါရီ ၁၁

ဇန်နဝါရီ ၁ဝ ရက်က မက္ကဆီကိုနိုင်ငံအရှေ့ဘက် မက္ကဆီကိုပင်လယ်ကွေ့ကမ်းရိုးတန်းပြည်နယ် ဗာရာခရုဇ်တွင် ခရီးသည်တင်ကား တစ်စီး တံတားပေါ်မှအရှိန်လွန် ထိုးကျတိမ်းမှောက်သွားခဲ့ရာ လူ ၂ဝ ထက်မနည်း သေဆုံးခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ဖြစ်ပွားသော ယင်းကားမှောက်မှုကြောင့် အခြား ၂၅ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ယာဉ်ပေါ်တွင် စုစုပေါင်းခရီးသည် ၄၅ ဦးစီးနင်းလိုက်ပါလာခဲ့ကြောင်းသိရပြီး အရှိန်လွန်ကာ တံတားအကာအရံများကိုကျော်၍ အောက်ဘက်ချောင်းထဲသို့ ထိုးကျသွားခဲ့သည်။

ရေတိမ်ပိုင်းတွင် ခရီးသည်တင်ဘတ်စ်ကား ထိုးကျတိမ်းမှောက်နေပုံကို တွေ့ရပြီး ကယ်ဆယ်ရေးအဖွဲ့က ခရီးသည်များကို အပူတပြင်း ကူညီနေကြောင်း သိရသည်။

အတိုရက်မြစ်ပေါ်တွင် ဖြစ်ပွားခဲ့သော ကားမှောက်မှုကယ်ဆယ်ရေးလုပ်ငန်းပြီးစီးသွားပြီဖြစ်ကြောင်း၊ စုစုပေါင်း လူ ၂ဝ သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကာကွယ်ရေးအတွင်းရေးမှူး ယိုလန်ဒါ ဂူတီရက်စ်ကာလင်က ၄င်း၏တွစ်တာ စာမျက်နှာ မှ၌ ဖော်ပြခဲ့သည်။

ပက်ဆိုတိုရိုယာဉ်လိုင်းပိုင် ယင်းခရီးသည်တင်ကားပေါ်တွင် ဘောလုံးအသင်းတစ်သင်းနှင့် ၄င်းတို့၏ ဆွေမျိုးများလိုက်ပါစီးနင်းလာကာ ကင်မရွန်းနှင့် ကော်ဒိုဘာမြို့များကို ဆက်သွယ်ထားသော လမ်းမောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(ဆင်ဟွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မက္ကဆီကို ဗာရာခရုဇ်တွင် ကားတစ်စီးအရှိန်လွန်တိမ်းမှောက်၊ခရီးသည် ၂၀ သေဆုံး  မက္ကဆီကို ဗာရာခရုဇ်တွင် ကားတစ်စီးအရှိန်လွန်တိမ်းမှောက်၊ခရီးသည် ၂၀ သေဆုံး Reviewed by THITHTOOLWIN on 13:04 Rating: 5
Powered by Blogger.