ငါးဖမ်း လှေဝါလပ်၌် လှေသားမှ ဓါးဖြင့်ထိုး၍ ပဲ့နင်းတစ်ဦး သေဆုံးမှုဖြစ်


တနင်္သာရီတိုင်း ဒေသကြီး ကျွန်းစုမြို့နယ် ကန်းကြီးကျေးရွာအုပ်စု ၊လေးကျွန်း အနောက်တောင်ဘက် ရေမိုင်၁၀မိုင်ခန့်အကွာ မြန်မာ့ ပင်လယ်ပြင်တွင် ငါးဖမ်း ၀ါလပ်လှေလုပ်သားများ အချင်းချင်းရန်ဖြစ်ကြရာမှ ဓားထိုးမှု ဖြစ်ပွားကာ ၀ါလပ်လှေ ပဲ့နင်းတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၃. ၁ .၂၀၁၆ရက်နေ့ ညနေ ၆း၀၀ အချိန်ခန့်က လှေအမည်- အောင်မျိုးမြတ်နှင့် အောင်မျိုးမြတ်
(၃)တို့ ငါးဖမ်းလှေ ၂စီး ရပ်နားထားရာတွင် အောင်မျိုးမြတ်- (၃)လှေမှ လှေသားဖြစ်သည့် မြိတ်မြို့ ၊ ရှမ်းချောင်းရပ်နေသူ သန်းလင်း အသက်၂၇နှစ်နှင့် ၎င်းလှေပဲ့နင်းဖြစ်သည့် မြိတ်မြို့ ရေပုန်းရပ်ကွက်တွင်
နေထိုင်သူ မင်းနိုင်စိုး အသက်၃၅နှစ် တို့စကားရန်ဖြစ်ခဲ့ကြ၍ " အတူရပ်နားထားသည့် အောင်မျိုးမြတ် ငါးဖမ်းဝါလပ်လှေက ပဲ့နင်းကြီးဖြစ်သည့် ဟန်စိုး အသက် ၂၉နှစ် ၊ ရေပုန်ရပ် နေထိုင်သူက ကြားဝင် ဖြန်ဖြေ ခဲ့ရာတွင် ပြေလည်မှုမရရှိဘဲ လှေသားသန်းလင်း မှ ဓါးဖြင့် လိုက်ထိုးသဖြင့် ၎င်းလှေ၂စင်းမှ ပဲ့နင်းများ ဖြစ်သည့် ဖြန်ဖြေပေးသူ ဟန်စိုး(ပဲ့နင်း)နှင့် မင်းနိုင်စိုး(ပဲ့နင်း )တို့ ၂ဦးစလုံးတွင် လည်ပင်း ၊ ၀မ်းဗိုက် နှင့် ရင်အုံ တို့၌ (စိုးရိမ်ရ)သည့် ဓားဒဏ်ရာများ အသီးသီး ရရှိခဲ့ကြပြီး မြိတ်မြို့ ပြည်သူ ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူစဉ် ပဲ့နင်း မင်းနိုင်စိုးမှာ အဆိုပါ ရက်နေ့ နံနက် ၁း၀၀ခန့်အချိန်မှာ မြိတ်ဆေးရုံ၌ သေဆုံးခဲ့ပြီး ၊ ကျန်သူ ပဲ့နင်းဟန်စိုးမှာ အတွင်းလူနာအဖြစ် ဆက်လက်ဆေးကုမှု ခံယူလျက်ကြောင်း၊ ၎င်း ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ တရားခံအား ကျွန်းစုမြို့နယ် ရဲစခန်းမှ ဖမ်းဆီးထားပြီး အရေးယူ ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။

မြိတ်ပုလဲမြေ
https://www.facebook.com/myeiknews/
ငါးဖမ်း လှေဝါလပ်၌် လှေသားမှ ဓါးဖြင့်ထိုး၍ ပဲ့နင်းတစ်ဦး သေဆုံးမှုဖြစ်  ငါးဖမ်း လှေဝါလပ်၌် လှေသားမှ ဓါးဖြင့်ထိုး၍ ပဲ့နင်းတစ်ဦး သေဆုံးမှုဖြစ် Reviewed by THITHTOOLWIN on 17:01 Rating: 5
Powered by Blogger.