အလုပ်သမားများ အခွင့်အရေးအတွက် လှိုင်သာယာတွင် ဆန္ဒထုတ်ဖော်


လှိုင်သာယာတွင် အလုပ်သမားများ အခွင့်အရေးအတွက် အလုပ်သမား ၁၀၀၀ကျော် ဇန်နဝါရီလ ၁၆ ရက်(ယနေ့) နေ့လယ်ပိုင်းက တရားဝင်ခွင့်ပြုချက်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

အလုပ်သမားနှင့် အလုပ်ရှင်အကြား အငြင်းပွားမှု ပြသ၁နာများနှင့် ပက်သက်၍ ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်များအား လိုက်နာခြင်းမရှိပါက အနည်းဆုံး ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်သည်အထိ ဥပဒေပြင်ဆင်ပေးရန်၊ ညှိနှိုင်းရေးကော်မတီတွင် ဖြေရှင်းခြင်းမရှိဘဲ တစ်ဖက်သတ် အလုပ်ထုတ်လျှင် အလုပ်ရှင်အား
အရေးယူပေးရန်၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်နှင့် ဒေသန္တရ လုပ်ငန်းခွင် စည်းကမ်းချက်များကို အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဖက်သဘောတူညီမှုဖြင့် အမြန်ဆုံးချုပ်ဆိုရန် စသည့်အချက်များ ပါဝင်သည့်တောင်းဆိုချက်များ ကြွေးကြော်သံများဖြင့် အလုပ်သမားများက ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် အလုပ်သမားတစ်ဦးဖြစ်သူ ကိုဖြိုးဝေအောင်က 'အလုပ်သမား အားလုံးအတွက် ကိုယ်စားပြုပြီး စက်ရုံအလုပ်သမားတွေ စုပေါင်း ဆန္ဒထုတ်ဖော်တာပါ။ အဓိကက ခုံသမာဓိကောင်စီက ချမှတ်တဲ့ အချက်တွေကို မလိုက်နာရင် ထောင်ဒဏ် ချမှတ်ဖို့ပါ' ဟု The Ladies News Journal သို့
ပြောသည်။

သက်ဆိုင်ရာ မြိုနယ်မြို့မရဲစခန်း ခွင့်ပြုချက်ဖြင့် လှိုသာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုံရှိ Gread Well-1စက် ရုံရှေ့မှ အနော်ရထာလမ်းမကြီး၊ သမာကုန်း အဝိုင်း၊ ရန်ကုန်-ပုသိမ်လမ်း၊ ရန်ကုန်-ညောင်တုန်းလမ်း မှတစ်ဆင့် မြို့နယ် အားကစားကွင်း အထိ စီတန်းလှည်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂကွန်ရက်မှ ဦးဆောင်မှုဖြင့် လှိုင်သာယာမြို့နယ် အတွင်းရှိ စက်ရုံများမှ အလုပ်သမားများ ပါဝင်၍ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

သတင်း - မျိုးမင်းပိုင်
Photo - မျိုးမင်းပိုင်
The Ladies News Journal
https://www.facebook.com/News.TheLadies
အလုပ်သမားများ အခွင့်အရေးအတွက် လှိုင်သာယာတွင် ဆန္ဒထုတ်ဖော်  အလုပ်သမားများ အခွင့်အရေးအတွက် လှိုင်သာယာတွင် ဆန္ဒထုတ်ဖော် Reviewed by THITHTOOLWIN on 22:21 Rating: 5
Powered by Blogger.