ဒေလီက လမ်းတွေမှာ ကားမောင်းနှင်မှု ထိန်းချုပ်


 မီးခိုး ဖုံးလွှမ်းမှု မြင့်မား တဲ့ ကမ္ဘာ့မြို့ကြီးတွေ ထဲက တစ်မြို့ ဖြစ်တဲ့ အိန္ဒိယ နိုင်ငံ ဒေလီ မြို့တော်မှာ ဒီကနေ့ ကနေ စတင်ပြီး မီးခိုးဖုံးလွှမ်းမှု လျော့ချရေး အစီအစဉ် ကို ဖော်ဆောင် တဲ့ အနေနဲ့ မော်တော်ယာဉ် မောင်းနှင်ခွင့် ပိတ်ပင် ထားပါတယ်။

သဘာဝ ပါတ်ဝန်းကျင် ထိန်းသိမ်းတဲ့ အနေနဲ့ ကား အသုံး မပြုရေး အစီအစဉ် ကို ၂ ပါတ်ကြာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် စီအန်ဂျီ သဘာဝ ဓါတ်ငွေ့နဲ့ မောင်းနှင်တဲ့ ကားတွေ ပြီးတော့ လူနာတင် ကား၊ မီးသတ်ကား နဲ့ မသန်စွမ်းသူတွေ မောင်းတဲ့ ကားတွေကိုတော့ ခွင့်ပြု ထား ပါတယ်။

အိန္ဒိယ အစိုးရ အနေနဲ့ ပုဂ္ဂလိက ဘတ်စ်ကား ပေါင်း ၃ ထောင်ကျော်ကို ငှားရမ်း ပြီး ဒေလီ မြို့တော်မှာ ခရီးသွားလာရေး လွယ်ကူအောင် စီစဉ် ဆောင်ရွက်ပေးထား ပါတယ်။

စည်းကမ်းချိုးဖောက် တဲ့ ကားမောင်းသူတွေကို ရူပီး ၂ ထောင် ဒဏ်ငွေ ချမှတ် မှာ ဖြစ်ပြီး ဒေလီ မြို့တော်ဝန် အာဗင် ကေဂျီဝယ် က ဒေလီ မြို့သားတွေ ရဲ့ ကျန်းမာရေး အတွက် လေထု သန့်စင်မှု ပြုလုပ်တာ ဖြစ်တဲ့ အတွက် လိုက်နာ ဆောင်ရွက် သင့်ကြောင်း ပြောကြား ခဲ့ပါတယ်။ ‪

BBC Burmese
https://www.facebook.com/bbcburmese/
ဒေလီက လမ်းတွေမှာ ကားမောင်းနှင်မှု ထိန်းချုပ်   ဒေလီက လမ်းတွေမှာ ကားမောင်းနှင်မှု ထိန်းချုပ် Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.