မူဆလင်အားလုံးအား အမေရိကန်သို့ခရီးသွားလာခွင့်ပိတ်ပင်သင့်ကြောင်း Trump ပြောကြား



တနင်္လာနေ့တွင် Donald Trump က မွတ်ဆလင်များအားလုံးအမေရိကန်ပြည်ထောင်စုသို့ဝင်ရောက်နေခြင်းကိုပိတ်ဆို့သင့်တယ်လို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်၊

အမေရိကန်ကို ​မုန်းတီးတဲ့ ​မွတ်ဆလင်တွေ ​များပြားတဲ့အတွက် ​အမေရိကန် ​နိုင်ငံမှာ ​အကြမ်းဖက်မှုတွေ ​ပိုဖြစ်နိုင်တယ်လို့လည်း ​ပြောပါတယ်။

အဲဒီ ​အမုန်းတရားတွေ ​ဘယ်ကနေ ​လာသလဲ ​ဆိုတာကို ​အဖြေရှာရမှာ ​ဖြစ်တယ်လို့လည်း ​ပြောပါတယ်။

မွတ်ဆလင်တွေကို ​အမေရိကန်နိုင်ငံထဲ ​ပေးမဝင်ဖို့ ​ပြောတဲ့အခါ ​အလည်အပတ်လာတဲ့ ​မွတ်ဆလင်တွေပါသလား၊ ​အမေရိကန်နိုင်ငံထဲ ​ရွှေ့ပြောင်းလာတဲ့ ​မွတ်ဆလင်တွေကိုပါ ​ပြောတာလား၊ ​ဒါမှမဟုတ် ​ပြည်ပကို ​ရောက်နေတဲ့ ​အမေရိကန်မွတ်ဆလင်တွေကို ​ပြောသလား ​ဆိုတာတော့ ​မသိရသေးပါဘူး။

သမ္မတလောင်း ​တစ်ဦးကနေ ​အခုလို ​ပြောဆိုတဲ့အပေါ် ​အမေရိကန် ​သမ္မတအပြင် ​တခြားပြိုင်ဘက် ​သမ္မတလောင်းတွေကလည်း ​Donald ​Trump ​ကို ​ဝေဖန်ခဲ့ကြပါတယ်။

Donald ​Trump ​ရဲ့ ​ပြောဆိုချက်က ​အမေရိကန်ရဲ့ ​ခံယူချက်နဲ့ ​ဆန့်ကျင်နေတယ်လို့ ​ပြောဆိုကြပါတယ်။

အိမ်ဖြူတော်ရဲ့ ​လုံခြုံရေးအရာရှိ ​Ben ​Rhodes ​ကတော့ ​အမေရိကန်နိုင်ငံရဲ့ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေထဲမှာ ​လွတ်လပ်စွာ ​ကိုးကွယ်ခွင့်ရှိတယ်လို့ ​ဖော်ပြထားသလို ​Donald ​Trump ​ရဲ့ ​ပြောဆိုမှုက ​အမေရိကန် ​လုံခြုံရဲ့နဲ့လည်း ​ဆန့်ကျင်နေတယ်လို့ ​ဆိုပါတယ်။

IS ​အဖွဲ့က ​အမေရိကန်ဟာ ​အစ္စလာမ်ကို ​ဆန့်ကျင်နေတယ်လို့ ​လူတွေကို ​အယုံသွင်းဖို့ ​ကြိုးစားတဲ့အချိန်မှာ ​အခုလို ​ပြောဆိုတာက ​မသင့်တော်ဘူးလို့ ​ဆိုပါတယ်။

တချို့ ​နိုင်ငံရေးသမားတွေကလည်း ​Donald ​Trump ​ရဲ့ ​ပြောဆိုမှုက ​ဖက်ဆစ်ဆန်သလို ​တချို့ကလည်း ​မွတ်ဆလင်တွေကိုသာ ​ပစ်မှတ်မထားပဲ ​အမေရိကန်နိုင်ငံထဲ ​ဝင်လာသူ ​မှန်သမျှကို ​စောင့်ကြည့်မှုတွေ ​လုပ်သင့်တယ်လို့ ​ပြောဆိုကြပါတယ်။


(Radio Australia)

www..radioaustralia.net.au/burmese
မူဆလင်အားလုံးအား အမေရိကန်သို့ခရီးသွားလာခွင့်ပိတ်ပင်သင့်ကြောင်း Trump ပြောကြား မူဆလင်အားလုံးအား အမေရိကန်သို့ခရီးသွားလာခွင့်ပိတ်ပင်သင့်ကြောင်း Trump ပြောကြား Reviewed by Staff Writer on 15:31 Rating: 5
Powered by Blogger.