မလေးရှားနိုင်ငံ စစ်ရေယာဉ် RMNS KD SELANGOR (176) မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိ




ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ရေတပ်မှ စစ်ရေယာဉ် RMNS KD SELANGOR  (176)  သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT ဆိပ်ခံတံတားသို့ ဒီဇင်ဘာလ ၃ ရက်တွင် ရောက်ရှိလာရာ သင်္ဘောပေါ် ပါလာသည့် မလေးရှား ရေတပ်မှ အရာရှိ စစ်သည်များသည် ဒီဇင်ဘာလ ၇ ရက်နေ့ အထိ  နေထိုင်လေ့လာ လည်ပတ် သွားမည် ဖြစ်ကြောင်း မြဝတီ သတင်းအရ သိရသည်။
အဆိုပါ စစ်ရေယာဉ်တွင် မလေးရှားနိုင်ငံ ရေတပ်မှ Deptuy Fleet Commander and Chief of Staff in Fleet Command Headquarters, Rmm ဖြစ်သူ First Admiral Ong Thiam Hock ဦးစီး၍ စစ်ရေယာဉ်မှူး Cdr Saravanan နှင့် အရာရှိ ၁၅ ဦး၊ စစ်သည် ၈ဝ ဦး စုစုပေါင်း ၉၅ ဦး လိုက်ပါလာခဲ့သည်။

အဆိုပါ စစ်ရေယာဉ်သည် သီလဝါ ဆိပ်ကမ်း MITT တံတားသို့ ဒီဇင်ဘာလ ၃ ရက်နေ့  နံနက် ၈ နာရီခွဲတွင် ရောက်ရှိလာခြင်း ဖြစ်ပြီး  တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်များက ကြိုဆို နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

(Xinhua)

http://www.xinhuamyanmar.com/
မလေးရှားနိုင်ငံ စစ်ရေယာဉ် RMNS KD SELANGOR (176) မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိ မလေးရှားနိုင်ငံ စစ်ရေယာဉ် RMNS KD SELANGOR (176)  မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိ Reviewed by Staff Writer on 16:53 Rating: 5
Powered by Blogger.