RCSS/SSA နှင့် တအာင်းပလောင် TNLA ဆွေးနွေးရန် တိုင်းရင်းသား မဟာမိတ်အဖွဲ့တောင်းဆို


ဒီဇင်ဘာလ ၃၁ ရက် ၂၀၁၅

သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ထိတွေ့တိုက်ခိုက် မှု ဖြစ်ပွားေ နေ သာ RCSS/SSA နှင့် PSLF/TNLA တို့အနေဖြင့် ပြဿနာများကို စစ်ရေး နည်း လမ်းဖြင့်ဖြေရှင်းခြင်းမပြုဘဲ တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် ဖြေ ရှင်း ရန် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) ထိပ်သီးခေါင်းဆောင်များဒီဇင်ဘာ ၃၀ ရက်ဆွေးနွေးပွဲအပြီး တွင် ကြေညာ ချက်ထုတ်ပြန်တောင်းဆိုလိုက်သည်။

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA) သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက် များတွင် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများ အားလုံးပါဝင်လာရေးကို လိုလားကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်သော ဆောင်ရွက် သင့် ဆောင်ရွက်ထိုက်သည့် ကိစ္စများလုပ်ငန်းများတွင် ဆက်လက်ပါဝင်ေ ဆာင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အတူ UNA အနေဖြင့် ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ကျင့်သုံးသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ပေါ်ထွန်းရေးတွင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဒီမိုကရက်တစ် ဖက်ဒ ရယ်ပြည်ေ ထာင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများ ကို ဆက်လက်အားပေးလက်တွဲ ကူညီ ထောက်ခံသွား မည်ဟုလည်း ဆိုထားသည်။

ဖမ်းဆီးအကျဉ်းချခံနေရသော နိုင်ငံရေးအကျဉ်းသားများ၊ ကျောင်းသား/သူများ၊ ၀န်းရံသူများ၊ တက်ကြွလှုပ်ရှားသူများအား အစိုးရသစ်တစ်ရပ် မပေါ်ပေါက်မီ အမြန်ဆုံး ပြန်လည် လွှတ်ပေးရန် တောင်းဆိုကြောင်းနှင့် ထိုင်းနိုင်ငံအတွင်း သက်သေမခိုင်လုံဘဲ သေဒဏ်ချမှတ်ခံနေရသော မြန်မာလူငယ် နှစ်ဦး၏ အမှုအား တရားမျှတစွာ ပြန်လည် သုံးသပ် ဆုံးဖြတ်ပေးရန်တောင်းဆို လိုက်ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ယင်းအပြင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ကာလတွင် အရေးပါသော တိုင်းရင်းသားများ၏ အခန်းကဏ္ဍ ပိုမိုပါဝင်ဆောင်ရွက်နိုင်ရန် တိုင်းရင်းသား လူမျိုးများအတွင်း စည်းလုံးညီညွတ်ရေးကို အစွမ်းကုန်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သျှမ်းသံတော်ဆင့်/စိုင်းအောင်ဆိုင်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
RCSS/SSA နှင့် တအာင်းပလောင် TNLA ဆွေးနွေးရန် တိုင်းရင်းသား မဟာမိတ်အဖွဲ့တောင်းဆို  RCSS/SSA နှင့် တအာင်းပလောင် TNLA ဆွေးနွေးရန် တိုင်းရင်းသား မဟာမိတ်အဖွဲ့တောင်းဆို Reviewed by THITHTOOLWIN on 22:56 Rating: 5
Powered by Blogger.