ISIS အဖွဲ့က တန်ပြန် ဆိုက်ဘာစစ်ဆင်ရေး စတင်လုပ်ဆောင်



ပဲရစ်မြို့ တိုက်ခိုက်ခံ ရပြီးနောက် Anonymous အမည်ရှိ ဟက်ကာအဖွဲ့က ISIS အဖွဲ့နှင့် ဆက်စပ်နေသည့် အကောင့်များအား လူမှုကွန်ရက် ပေါ်သို့ စနစ်တကျ ထုတ်ဖော်ပြသ ခဲ့ခြင်းကို လက်တုံ့ပြန်သော အားဖြင့် ISIS အဖွဲ့သည် ယခုအခါ တန်ပြန် ဆိုက်ဘာစစ်ဆင်ရေး ကို စတင် လုပ်ဆောင် ခဲ့ကြောင်း ဒီဇင်ဘာ ၁၃ ရက် ထုတ်ပြန်ချက် အရ သိရသည်။

ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့သည် အမေရိကန် စစ်ဘက် အဖွဲ့ဝင်များ၏ အမည်များ၊ အီးမေးလ် လိပ်စာများနှင့် ကိုယ်ပိုင်လိပ်စာ ရာပေါင်း များစွာကို ဆိုက်ဘာ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ISIS အဖွဲ့မှ ဟက်ကာသမား များသည် ကြည်းတပ်နှင့် မရိမ်းတပ် တို့မှ တပ်ဖွဲ့ဝင် ၁၆ဝ ဦး၏ အချက်အလက် များကို ဖောက်ထွင်း ခဲ့ကြောင်းနှင့် စုစုပေါင်း တပ်ဖွဲ့ဝင် ၇ဝဝ ဦးခန့်၏ အချက်အလက် များကို ခိုးယူရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်း အချက်အလက်များ ယိုစိမ့်မှုနှင့် ပတ်သက်၍ ပင်တဂွန် စစ်ဌာနချုပ်က တစ်စုံတစ်ရာ ပြောကြားရန် ငြင်းဆိုခဲ့ သော်လည်း ယင်းဖြစ်ရပ်မှာ အမှန်တကယ် ဖြစ်သည်ဟု လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ များက CSM သတင်းဌာနသို့ ပြောကြားသည်။

Anonymous အဖွဲ့သည် ပဲရစ်မြို့ တိုက်ခိုက်ခံ ရပြီးနောက် ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့နှင့် ပတ်သက်သည့် အချက်အလက် များကို ဖောက်ထွင်းခဲ့ကြောင်း၊ ထို့ကြောင့် ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့က တန်ပြန် စစ်ဆင်ရေး အဖြစ် ဆိုက်ဘာ စစ်ဆင်ရေးများကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်း နှင့် စစ်ဘက် သတင်း အချက်အလက်များ ပေါက်ကြားမှုအပေါ် စိုးရိမ်ရကြောင်း SITE ထောက်လှမ်းရေး အဖွဲ့၏ ညွှန်ကြားရေးမှူး ရီတာကတ်ဇ် က ပြောကြား ခဲ့ကြောင်း သိရသည်။

(Pyi Chit Thar)

http://www.pyichitthar.com/
ISIS အဖွဲ့က တန်ပြန် ဆိုက်ဘာစစ်ဆင်ရေး စတင်လုပ်ဆောင် ISIS အဖွဲ့က တန်ပြန် ဆိုက်ဘာစစ်ဆင်ရေး စတင်လုပ်ဆောင် Reviewed by Staff Writer on 12:06 Rating: 5
Powered by Blogger.