တူရကီနိုင်ငံ၏ မှောင်ခိုဈေးကွက်မှ တစ်ဆင့် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ကို ISIS အဖွဲ့ရရှိ


ဘဂ္ဂဒက် ၊ ၁-၁၂-၂၀၁၅

ISIS အစ္စလာမ်မစ် အကြမ်းဖက် စစ်သွေးကြွ များသည် လွန်ခဲ့သည့် ရှစ်လခန့် ကတည်းက တူရကီနိုင်ငံ၏ မှောင်ခိုဈေးကွက်မှ တစ်ဆင့် ရေနံများ ရောင်းချကာ အမေရိကန် ဒေါ်လာ သန်း ၈ဝဝ ကျော် ဝင်ငွေရရှိ နေကြောင်း အီရတ် ဝန်ကြီးချုပ် က ပြောကြားသည်။

ISIS အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့သည် ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့မှ ရေနံများကို ထရပ်ကားများ ဖြင့် နယ်စပ် ဖြတ်ကျော်ကာ တူရကီ နိုင်ငံအတွင်းသို့ သယ်ဆောင် ပြီးနောက် နိုင်ငံတကာ ရေနံဈေးနှုန်း ထက် ၅ဝ ရာခိုင်နှုန်း လျှော့၍ ရောင်းချ နေကြောင်း ဝန်ကြီးချုပ် မိုဝတ်ဖတ်က် အယ်လ်ရူဘိုင် က နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြား ထားသည်။

အဆိုပါရေနံကို တူရကီ အဆောက်အအုံများ အတွင်း၌ ချက်လုပ် သန့်စင်ပြီးနောက် ယင်း နိုင်ငံအတွင်း သုံးစွဲရန် သို့မဟုတ် နိုင်ငံတကာ ဈေးကွက်သို့ ရောင်းချရန် မြေထဲပင်လယ် အတွင်း ပိုက်သွယ်၍ ပေးပို့နေကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

အီရတ်နှင့် ဆီးရီးယား နိုင်ငံမှ ရေနံတို့ကို တူရကီ မှောင်ခိုဈေးကွက် တွင် ရောင်းချခြင်း ဖြင့် ရရှိလာသော ငွေများနှင့် ဒေါ်လာများ သည် ISIS အစ္စလာမ်မစ် စစ်သွေးကြွ များ၏ စစ်ဆင်ရေးများကို အထောက်အပံ့ပေး သကဲ့သို့ ဖြစ်နေကြောင်း ၄င်းက ပြောကြားသည်။

အဆိုပါရေနံများ မှောင်ခိုကူးမှုနှင့် ပတ်သက်၍ သံသယရှိဖွယ် အရိပ်အယောင် မတွေ့ရသေး သော်လည်း တူရကီ ထောက်လှမ်းရေး အေဂျင်စီနှင့် တူရကီ လုံခြုံရေး အဖွဲ့၏ သတင်း အချက်အလက် များအရ ကုန်သည်များနှင့် စီးပွားရေး လုပ်ငန်းရှင် များသည် ယင်းနိုင်ငံရှိ ရေနံမှောင်ခို ဈေးကွက်တွင် ပါဝင်နေကြောင်း ဝန်ကြီးချုပ်က ပြောကြား ထားသည်။

PyiChitThar
http://www.pyichitthar.com
တူရကီနိုင်ငံ၏ မှောင်ခိုဈေးကွက်မှ တစ်ဆင့် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ကို ISIS အဖွဲ့ရရှိ   တူရကီနိုင်ငံ၏ မှောင်ခိုဈေးကွက်မှ တစ်ဆင့် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ကို ISIS အဖွဲ့ရရှိ Reviewed by THITHTOOLWIN on 10:31 Rating: 5
Powered by Blogger.