ဒေါ်လာ သန်း ၈၀ ၀န်းကျင် ရှိတဲ့ FIFA ရဲ့ ဘဏ်စာရင်းတွေ ထိန်းချုပ်ခံရ


ကမ္ဘာ့ ဘော်လုံး အဖွဲ့ချုပ် FIFA နဲ့ ဆက်စပ်နေတဲ့ ဘဏ်စာရင်းတွေ ကို ဆွစ်ဇာလန် တရားရေး ဌာန က ထိန်းချုပ် လိုက် တာမှာ အဲဒီ့ ဘဏ်စာရင်း တွေ ထဲ ဒေါ်လာ သန်း ၈၀ ဝန်းကျင် ရှိပါတယ်။

FIFA ဟာ ငွေကြေး ဆိုင်ရာ အကျင့်ပျက် ခြစားမှု အရှုပ်အရှင်း တွေနဲ့ အမေရိကန် အာဏာပိုင်တွေ ရဲ့ စုံစမ်း စစ်ဆေးတာကို ခံနေရတာ ဖြစ်ပါတယ်။

အမေရိကန် အစိုးရ ရှေ့နေတွေ တောင်းဆို ထားတဲ့ အတိုင်း သက်သေ အထောက်အထားတွေ ရဲ့ ပထမ တစ်သုတ်ကို လွှဲပြောင်း ပေးလိုက်ပြီ လို့ ဆွစ် အာဏာပိုင် တွေက ဆိုပါတယ်။

နိုင်ငံတကာ ကစားပွဲ ပွဲကြီးတွေ ကို ပြသခွင့် မူပိုင်ရရှိဖို့ အတွက် FIFA အရာရှိ တွေကို လာဘ်ငွေတွေ ပေးခဲ့ရတယ် ဆိုတဲ့ စွဲချက် တွေကို အမေရိကန် တွေက စုံစမ်း နေကြတာ ဖြစ်ပါတယ်။

အခု ဆွစ်အာဏာပိုင်တွေ လွှဲပြောင်း ပေးခဲ့တဲ့ ငွေ အဝင်အထွက် ဘဏ်စာရင်း စာရွက်စာတမ်းတွေ ဟာ FIFA ထိပ်တန်း အရာရှိ တွေကို စွဲဆို နိုင်ဖို့ အဓိက သက်သေတွေ ဖြစ်လာမယ် လို့ မျှော်လင့် ရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ဒေါ်လာ သန်း ၈၀ ၀န်းကျင် ရှိတဲ့ FIFA ရဲ့ ဘဏ်စာရင်းတွေ ထိန်းချုပ်ခံရ  ဒေါ်လာ သန်း ၈၀ ၀န်းကျင် ရှိတဲ့ FIFA ရဲ့ ဘဏ်စာရင်းတွေ ထိန်းချုပ်ခံရ Reviewed by THITHTOOLWIN on 05:40 Rating: 5
Powered by Blogger.