ဘာရိန်းနိုင်ငံမှ F-16 တိုက်လေယာဉ်တစ်စင်း ဆော်ဒီအာရေဗျတွင် ပျက်ကျ


ရီယာဒ် ၊ ၃၁-၁၂-၂၀၁၅

ယီမင်နိုင်ငံရှိ ရှီးယိုက်ဟူသီ အဖွဲ့ကို တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် ဆော်ဒီအာရေဗျနိုင်ငံ ဦးဆောင်သော ညွန့်ပေါင်း တပ်ဖွဲ့တွင် ပါဝင်သည့် ဘာရိန်းနိုင်ငံမှ F-16 တိုက်လေယာဉ်သည် နည်းပညာ ချွတ်ယွင်းမှု ကြောင့် ဒီဇင်ဘာ ၃ဝ ရက်က ဆော်ဒီနိုင်ငံ အတွင်း ပျက်ကျခဲ့ကြောင်း ညွန့်ပေါင်းတပ်ဖွဲ့ က ထုတ်ပြန် ထားသည်။

အဆိုပါ တိုက်လေယာဉ်သည် ဆော်ဒီနိုင်ငံ တောင်ပိုင်း ဂျာဇန်ဒေသ၌ ပျက်ကျခဲ့ခြင်း ဖြစ်သော် လည်း လေယာဉ်မှူးမှာ အသက်ရှင်လျက် လွတ်မြောက် လာခဲ့ကြောင်း ယင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ယင်း တိုက်လေယာဉ်၏ အပျက်အစီး အပိုင်းအစများကို ယခုအခါ ရှာဖွေတွေ့ရှိခဲ့ပြီး စုံစမ်း စစ်ဆေးမှုများကို လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ဘာရိန်းစစ်ဘက်မှ စစ်သည်နှစ်ဦး သည် ဒီဇင်ဘာ ၂၉ ရက်က ဆော်ဒီ-ယီမင် နယ်စပ်အနီး သေ ဆုံးခဲ့ကြောင်း ထုတ်ပြန်ကြေညာ ပြီးနောက် အဆိုပါ လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ သည် နိုင်ငံတကာက အသိအမှတ်ပြု လက်ခံထားသော ယီမင်သမ္မတ မန်ဆူအာဟာဒီ ၏ တောင်းဆိုချက်ကြောင့် ယီမင်နိုင်ငံ အတွင်းရှိ ဟူသီလှုပ်ရှားမှု အဖွဲ့ကို လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်လျက် ရှိသည်မှာ ကိုးလခန့် ရှိပြီဖြစ်သည်။

ထို့ပြင် အဆိုပါ ပဋိပက္ခများ စတင်ဖြစ်ပွားသည့် အချိန်မှစ၍ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဘာရိန်းနှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့မှ မြေပြင်တပ်ဖွဲ့ဝင် အများအပြား သေဆုံး ခဲ့ကြောင်းနှင့် ဘာရိန်းနိုင်ငံသည် တပ်ဖွဲ့ဝင်များ သေဆုံးမှု တတိယ အများဆုံးသော နိုင်ငံဖြစ်ကြောင်း သိရသည်။

Bahraini F-16 on Yemen mission crashes in Saudi Arabia

PyiChitThar
http://www.pyichitthar.com
ဘာရိန်းနိုင်ငံမှ F-16 တိုက်လေယာဉ်တစ်စင်း ဆော်ဒီအာရေဗျတွင် ပျက်ကျ  ဘာရိန်းနိုင်ငံမှ F-16 တိုက်လေယာဉ်တစ်စင်း ဆော်ဒီအာရေဗျတွင် ပျက်ကျ Reviewed by THITHTOOLWIN on 12:18 Rating: 5
Powered by Blogger.