အာဏာလွှဲပြောင်းပေးရေးနှင့် ပတ်သက်၍ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး




ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂ရက်နေ့က နေပြည်တော် သမ္မတရုံးတွင် တွေ့ဆုံပြီး အာဏာကို အဆင်ပြေစွာ လွှဲပြောင်းပေးရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

၂ရက်နေ့ ညနေပိုင်းက မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် နေပြည် တော်တွင် ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်းလည်း သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နှစ်ဦးတို့က ပြည်သူများ၏ လိုအင်ဆန္ဒ၊ နိုင်ငံတော် အေးချမ်းတည်ငြိမ်မှု၊ ဥပဒေနှင့်အညီ နိုင်ငံတော်ကို စီမံအုပ်ချုပ်ရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေး၊ စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လေးစားသည့် အနေဖြင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် သဘောတူကြောင်း တပ်မတော်မှ ထုတ်ပြန်ချက်အရ သိရသည်။

( China.com )

http://myanmar.china.com/
အာဏာလွှဲပြောင်းပေးရေးနှင့် ပတ်သက်၍ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး အာဏာလွှဲပြောင်းပေးရေးနှင့် ပတ်သက်၍ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး Reviewed by Staff Writer on 16:44 Rating: 5
Powered by Blogger.