ဂျပန်နှင့် အငြင်းပွားကျွန်းများတွင် ရုရှားက စစ်အခြေစိုက်စခန်းများ တည်ဆောက်




ရုရှားနိုင်ငံသည် ဂျပန်နိုင်ငံနှင့် ပိုင်ဆိုင်မှု အငြင်းပွားလျက် ရှိသော ကျွန်းများဖြစ်သည့် ကူရိုင်းကျွန်းစု ၏ အရှေ့ဖျား စွန်းတွင် အဆင့်မြင့် စစ်အခြေစိုက် စခန်းနှစ်ခုကို စတင် တည်ဆောက်လျက် ရှိကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂျီရွိုင်ဂူ က ဒီဇင်ဘာ ၁ ရက်တွင် ပြောကြား ထားကြောင်း AFP သတင်းတစ်ရပ် အရ သိရသည်။

ရုရှားနိုင်ငံသည် Lturup နှင့် Kunashir ကျွန်းများပေါ်တွင် စစ်အခြေစိုက် စခန်းများ တည်ဆောက်ခြင်းကို တက်ကြွစွာ ဆောင်ရွက်လျက် ရှိကြောင်း စစ်ဘက် ထိပ်တန်း အရာရှိများနှင့် ပြုလုပ်သည့် အစည်းအဝေး တစ်ခု၌ ရွိုင်ဂူ က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရုရှားနှင့် ဂျပန်နိုင်ငံ အကြား ဆက်ဆံရေးသည် ဂျပန်နိုင်ငံ၏ မြောက်ပိုင်း နယ်မြေများ ဖြစ်သည့် ကူရိုင်းကျွန်းစု၏ တောင်ဘက် အစွန်ဆုံးကျွန်း လေးကျွန်းအပေါ် ပိုင်ဆိုင်မှု အငြင်းပွားရာမှ ဆယ်စုနှစ် များစွာကြာ တင်းမာမှု များဖြစ်ပွား လာခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ အနေဖြင့် မည်သည့် အချိန်မျှ ငြိမ်းချမ်းရေး သဘောတူညီချက် တစ်ရပ်ကို တရားဝင် ချုပ်ဆိုနိုင်ခဲ့ခြင်း မရှိကြောင်းနှင့် အဆိုပါ ကာလ ရှည်ကြာစွာ ဖြစ်ပွားခဲ့သော တင်းမာမှုများသည် နှစ်နိုင်ငံ ကုန်သွယ်ရေး ဆိုင်ရာ ဆက်ဆံမှုများအား ဆယ်စုနှစ် များစွာကြာ အဟန့်အတား ဖြစ်စေခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်စခန်းများ တည်ဆောက်ခြင်း သည် ရုရှားနိုင်ငံ၏ အရှေ့ဘက် နယ်စပ်ဒေသရှိ တပ်ဖွဲ့များ၏ စစ်ရေးအသင့် ဖြစ်မှု မြင့်တက် လာစေရန် အထောက်အကူ ပြုမည် ဖြစ်ကြောင်း ရွိုင်ဂူ က ပြောကြား ထားသည်။

( Pyi Chit Thar )

http://www.pyichitthar.com/
ဂျပန်နှင့် အငြင်းပွားကျွန်းများတွင် ရုရှားက စစ်အခြေစိုက်စခန်းများ တည်ဆောက် ဂျပန်နှင့် အငြင်းပွားကျွန်းများတွင် ရုရှားက စစ်အခြေစိုက်စခန်းများ တည်ဆောက် Reviewed by Staff Writer on 16:41 Rating: 5
Powered by Blogger.