မုံရွာဈေးဟောင်း ညသန်းခေါင်ကျော်မီးလောင်


မုံရွာ ဒီဇင်ဘာ ၃ဝ

မုံရွာမြို့လယ်တွင် တည်ရှိသော သီရိရတနာဈေးအတွင်း ဈေးရုံ လေးရုံအနက် အနောက်မြောက် ထောင့်ရှိ ဈေးရုံ၌ဒီဇင်ဘာ ၂၉ ရက် ည ၁၁ နာရီခွဲခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ မီးငြှိမ်းသတ်ယာဉ် ၁၅ စီး၊ ရေသယ်ယာဉ်ခုနစ်စီး၊ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရ သည်။

မီးလောင်ကျွမ်းမှုကြောင့် ဈေး အတွင်းရုံလေးရုံအနက် အနောက် မြောက်ထောင့်ရှိ ဆိုင်ခန်း ၇၂ ခန်း ပါ (၉၆ x ၄၈) ပေ သွပ်မိုးအုတ်ခင်း အကာမပါဈေးရုံတစ်ရုံ မီးလောင်ခဲ့ သည်။

အဆိုပါဈေးရုံတွင်ရှိသော ကုန်စုံ ဆိုင်ရှစ်ခန်း၊ စက်ချုပ်ဆိုင်ခြောက်ခန်း၊ ငှက်ပျောဆိုင်တစ်ခန်း၊ ကွမ်းပစ္စည်း ဆိုင်သုံးခန်းနှင့် အခန်းလွတ် ၃၈ ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်သည်ဟု သတင်းရလျှင် ရခြင်း မုံရွာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်ငါးစီး၊ ရေသယ် ယာဉ်တစ်စီး၊ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ်တစ်စီး စုစု ပေါင်း မီးငြှိမ်းသတ်ယာဉ် ၁၅ စီး၊ ရေသယ်ယာဉ်ခုနစ်စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ ဝင်များ၊ အများပြည်သူများ စုပေါင်း မီးငြှိမ်းသတ်ခဲ့ရာ ည ၁၂နာရီ ၄၅ မိနစ်ခန့်တွင် မီးလုံးဝငြိမ်းသွားကြောင်း သိရသည်။

မျိုးဝင်းထွန်း(မုံရွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မုံရွာဈေးဟောင်း ညသန်းခေါင်ကျော်မီးလောင်   မုံရွာဈေးဟောင်း ညသန်းခေါင်ကျော်မီးလောင် Reviewed by THITHTOOLWIN on 11:49 Rating: 5
Powered by Blogger.