ဆော်ဒီ တိုက်လေယာဉ်တစ်စင်းကို ယီမင်တပ်ဖွဲ့ဝင်များ ပစ်ချ


ဆားနား ၊ ၁၄-၁၂-၂၀၁၅

ယီမင် တပ်ဖွဲ့ဝင် များသည် ဆာနားပြည်နယ် ဂျီဟာနတ်အ် ခရိုင်တွင် ဆော်ဒီ တိုက်လေယာဉ် တစ်စင်းကို ပစ်ချခဲ့ကြောင်း ဒီဇင်ဘာ ၁၃ ရက် ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ လေယာဉ်ကို ယင်း ပြည်နယ်ရှိ တောင်ကုန်း ထူထပ်သော ဒေသ၌ ဒီဇင်ဘာ ၁၂ ရက်တွင် ယီမင် တပ်ဖွဲ့ဝင်များက ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ယီမင်လုံခြုံရေး သတင်းဌာနက ထုတ်ပြန် ထားသည်။

ယီမင် တပ်ဖွဲ့ဝင် များ၏ တိုက်ခိုက်မှုသည် ဆော်ဒီ အနောက်တောင်ပိုင်း အတ်ရှာ ဒေသရှိ အခြေစိုက် စခန်းတစ်ခုကို ပစ်မှတ် ထားခြင်း ဖြစ်ကြောင်းနှင့် ယင်းနိုင်ငံ အနောက် တောင်ပိုင်း လာဟစ်ပြည်နယ် ရှိ ဆော်ဒီ ကြေးစား အခြေစိုက် စခန်းကိုလည်း လက်တုံ့ပြန် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း တပ်ဖွဲ့ဝင် နှစ်ဦးေ သဆုံးပြီး တင့်ကားတစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဆော်ဒီအာရေဗျ နိုင်ငံ အနောက် တောင်ပိုင်း တာအစ်ဇ် ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု တွင်လည်း ဆော်ဒီ တပ်ဖွဲ့ဝင် ၁၉ ဦး  ထက်မနည်း သေဆုံး ခဲ့ကြောင်း သိရသည်။

F-16 အမျိုးအစား ဆော်ဒီ တိုက်လေယာဉ်ကို လာဟေးဂ်ျ ပြည်နယ်ရှိ လေတပ် အခြေစိုက် စခန်းသို့ မဆင်းသက်မီ ပစ်ချခဲ့ခြင်း ဖြစ်ကြောင်း ယီမင် ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာ ထားသည်။




(Pyi Chit Thar)

http://www.pyichitthar.com/
ဆော်ဒီ တိုက်လေယာဉ်တစ်စင်းကို ယီမင်တပ်ဖွဲ့ဝင်များ ပစ်ချ ဆော်ဒီ တိုက်လေယာဉ်တစ်စင်းကို ယီမင်တပ်ဖွဲ့ဝင်များ ပစ်ချ Reviewed by Staff Writer on 13:50 Rating: 5
Powered by Blogger.